အိမ်လုပ်မဆလာ ကိုယ်တိုင်လုပ်နည်း

01/09/2021 20:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတစ်ခုဖြစ်ပါသည်။ ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ​ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာပိုပြည့်စုံသည်မဟုတ်ပေလော။ ယခုကဲ့သို့ ရောဂါများထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များအလွယ်တကူမဖွင့်သောကာလတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆလာလုပ်နည်းကိုတင်ပြလိုက်ပါသည်။

မဆလာလုပ်ရန်

၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း

၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ကရဝေးရွက်-၂ ရွက်

၆။ သစ်ဂျပိုးခေါက်-၁ခေါက်

၇။ နာနတ်ပွင့်-၁ ပွင့်

၈။ လေးညှင်း-၂ ပွင့်

၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။

    ထိုအရာများအားလုံးကို ပထမဦးစွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အောင်လှော်ပီးနောက် ဖယ်ထားပါ။ ထို့နောက် ကျန်အရာများအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုပေါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ထောင်းပါ။ မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချင်းထောင်းပါ။ မိမိနှစ်သက်သည့်အနေအထားအတိုင်း မှုန့်ညက်အောင်ထောင်းလည်းရသကဲ့သို့ ခပ်ကြမ်းကြမ်းထောင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်းရပါသည်။ သို့သော် ဆုံထဲတွင်ကြိတ်ထားသော မဆလာက ပိုအရသာရှိသည်ဟုထင်ရသောကြောင့် မိမိနှစ်သက်ရာနည်းကိုသုံးနိုင်ပါသည်။

    အထက်ဖော်ပြပါ အမယ်များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆိုင်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာလုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန်သတိပြုရပါမည်။ မိမိတို့အိမ်တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီးအိမ်လုပ်မဆလာကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်