မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု 

28/09/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     "ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်ကတော့ ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့ အခါမှာ ဆက်သွယ်မေးမြန်းနိုင်တဲ့ Call Canter တွေရဲ့ ဖုန်းနံပါတ် လေးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာတော့ မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှု ဆိုတဲ့ အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။ 

     မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဆိုတာကတော့ ဦးလေး ဒေါ်လေးတို့အနေနဲ့ မီဒီယာတွေ၊ နည်းပညာတွေကို နေ့စဥ်နဲ့အမျှ ထိတွေ့အသုံးပြုရာမှာ ကျွမ်းကျင်လာစေဖို့ စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ အသိပညာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရဲ့ ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေ အနေနဲ့  

     မီဒီယာနဲ့ သတင်းအချက်အလက် ဖြစ်ပေါ်ပုံအမျိုးမျိုးကို နားလည်ထားရပါမယ်။

     မိမိနဲ့ လက်လှမ်းမီတဲ့ နည်းပညာတွေကိုလည်း သိထား၊ တတ်ထားရပါမယ်။

     မီဒီယာနဲ့ သတင်းအချက်အလက်တွေဟာ လူ့အဖွဲ့အစည်းတွေအပေါ် ဘယ်လို သက်ရောက်နေလဲဆိုတာကို သိရထားရပါမယ်။ 

      မီဒီယာနဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး မိမိပတ်ဝန်းကျင်ကို အကျိုးရှိအောင်၊ ပြောင်းလဲလာအောင် ဆောင်ရွက်နိုင်ရမယ်ဆိုတဲ့ အသိပညာတွေ၊ ကျွမ်းကျင်မှုတွေ ရရှိအောင် ရည်ရွယ်တာ ဖြစ်ပါတယ် ခင်ဗျ။ 

     ယခင်တစ်ပတ်က ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့ အခါမှာ ဆက်သွယ်မေးမြန်းနိုင်တဲ့ Call Canter  ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။ 

ဖုန်းသုံးရင်း အခက်အခဲဖြစ်တဲ့အခါ ခေါ်ဆိုနိုင်တဲ့ call center

Mido Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

Source - https://curriculum.realornotmm.info/mil-curriculum-book/3/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်