ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ တောင်သူ လယ်သမားများ မနက်ဖြန်မှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း DVB မီဒီယာမှ ဖော်ပြထားကြောင်းသိရပါတယ်။
ဓနုဖြူမှာ ဒေသခံတောင်သူများအတွက် လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri Business Service Center )ကို ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲများမှ လာရောက်ဂုဏ်ပြုတက်ရောက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောပါတယ်။
“လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri Business Service Center )ကို နက်ဖြန်မှာ ဖွင့်လှစ်သွားမယ်။ အဲဒီစခန်းကြီးဖွင့်လှစ်တာကို လယ်သမားတွေကို ရှင်းလင်းတင်ပြတဲ့ပွဲမှာ နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေလည်း လာရောက်ဂုဏ်ပြုမယ်လို့ သိရပါတယ်”
အဆိုပါဖွင့်ပွဲနဲ့အတူ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
တောင်သူများအတွက် မျိုးစေ့၊ ထွန်ယက်ရေ ၊ စိုက်ပျိုးရေး၊ မြေသြဇာ၊ လယ်ထွန်စက်၊ ပိုးသတ်ဆေး နဲ့ ရိတ်သိမ်းစက် စတဲ့ဝန်းဆောင်မှုများကို လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri Business Service Center )မှ သင့်တင့်တဲ့နှုန်းထားနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri Business Service Center )ကို Gold Delta CO.,Ltd.မှ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more