တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နှစ်နိုင်ငံစာချုပ်ချုပ်ဆိုထားတဲ့ Protocol အချက်အလက်များနဲ့အညီ ဆန်တင်ပို့နိုင်ရေးအတွက် ဆွေးနွေညှိနှိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
တင်ပို့မယ့်ကုန်ပစ္စည်းတွေရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ပတ်သက်ပြီး Protocol အချက်အလက်များနဲ့အညီ စိစစ်နိုင်ဖို့အတွက် ဆွေးနွေးတာဖြစ်ကြောင်း သိရပါတယ်။
“အဓိက Protocol ကFood Safety ကချုပ်ဆိုတဲ့စာချုပ်ပါ။ တင်ပို့တဲ့ကုန်ပစ္စည်းတွေရဲ့ သန့်ရှင်း စင်ကြယ်မှုအတွက်ချုပ်ဆိုတဲ့စာချုပ်ပါ။ တင်ပို့မယ်ဆန်တွေ ကFood Safety အရ စိစစ်မယ်ဆိုတဲ့ အချက်အလက်တွေ ချုပ်ဆိုမယ့်ဆိုတဲ့စာချုပ်ပါ။ ကြိတ်ခွဲတာ ၊ သိုလှောင်တာ၊ တင်ပို့ရောင်းချတာနဲ့ ပတ်သက်ပြီးတော့ တာဝန်ပေးမယ့် ကုမ္ပဏီတွေက စံချိန်စံညွှန်းနဲ့အညီတင်ပို့ရမယ်။ ဒီနှစ်မှာ စိစစ်ဖို့အတွက် ဆွေးနွေးတာပေါ့”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်က ပြောပါတယ်။
အဆိုပါ တင်ပို့မယ့်ကုန်ပစ္စည်းများကို စိစစ်ပေးနိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အရည်အသွေးစိစစ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
Protocol အချက်အလက်များနဲ့အညီ ဆန်တင်ပို့နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်မှစတင်ကာ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more