တရုတ်မြန်မာ နယ်စပ်က ကျင်ဆန်းကျော့ဂိတ်ပိတ်လိုက်လို့ ဖရဲ၊သခွားတောင်သူတွေ ကျပ်ငွေ ကုဋေနဲ့ချီဆုံးရှုံးမယ့် အရေးနဲ့ရင်ဆိုင်နေရ

30/12/2018 05:22 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

တရုတ်နိုင်ငံ ဝမ်တိန်ဘက်ကို တင်ပို့နေတဲ့ ဖရဲသခွားကုန်ကားတွေကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းကစပြီး တရုတ်ဘက်ကစစ်ဆေးရေးတွေကို ကြန့်ကြာအောင်လုပ်ပြီး ကားတွေပိတ်ဆို့ကာ ဖရဲသခွားတွေ အနာ များပြီး ဈေးကျအောင် တရုတ်ဘက်က လုပ်နေတယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေဘက်က ပြောဆို တာတွေရှိခဲ့ပါတယ်။

ဒီလိုအသံတွေထွက်ပေါ်အပြီးသိပ်မကြာခင်မှာပဲ မြန်မာ့တပ်မတော်က ကျင်ဆန်းကျော့ဂိတ်ကို နယ်မြေ လုံခြုံရေးအတွက် ဆိုကာ ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။

အခုလို ပိတ်ပစ်လိုက်တဲ့အတွက် ဖရဲသခွားကုန်ကားအစီးရေတစ်ထောင်ကျော်ဟာ ကြူကုတ် - ပန်ဆိုင်း လမ်းကတဆင့် တရုတ်ပြည်ထဲကိုဝင်ဖို့ ပြန်လှည့်သွားနေရတဲ့အခြေအနေဖြစ်နေတာပါ။

'' အဓိက နစ်နာတာက ကုန်သည်ပွဲစားလည်းမဟုတ်ဘူး။ တရုတ်ဝယ်လက်လည်းမဟုတ်ဘူး တောင်သူပဲ။ စစိုက်တာကနေ တရုတ်ဘက်ထဲအရောက် ကားချိန်းပြီး အသီးလှယ်ပြီးတဲ့အထိ တောင်သူကပဲ တာဝန်ယူရ တာ။ အခုလို ကားကြာလို့ ပုတ်လည်း တောင်သူပဲဆုံးရှုံးတာ။ အခုဆို ဖရဲရောသခွားရော တန်ချိန် ၅ထောင် လောက်ရှိတယ် ပိတ်မိနေတဲ့ကားတွေပေါ်မှာ။ တစ်တန်ကို ယွမ် ၁၆၀၀ ဈေးနဲ့တွက်ရင်တောင် အဲဒီအသီး တွေ အကုန်ဆုံးရှုံးကုန်ရင် ကျပ်ငွေ ကုဋေနဲ့ချီပြီးတော့ ဆုံးရှုံးမှာ။'' လို့ ဖရဲစိုက်တောင်သူတစ်ဦးဖြစ်တဲ့ ဦးသစ္စာ က ဘီဘီစီကိုပြောပါတယ်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်