မွန်ဘားဆားမြက် ( Panicum maximumcvMombaca ) “Mombaca guinea”

20/09/2018 15:30 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။
  • ရိတ်သိမ်းကျွေးရာတွင်လည်းကောင်း၊ လွှတ်ကျောင်း စားကျက်အဖြစ်လည်းကောင်း စိုက်ပျိုးနိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရိပ်ကောင်းသောနေရာများ၌ ရှင်သန်နိုင်သည်။
  • မြေသြဇာကောင်းမွန်ပြီး စိုစွတ်၍ ရေရရှိသောနေရာများတွင် စိုက်ပျိုးသင့်သည်။ ထိုသို့သောမြေများ၌ စိုက်ပျိုးလျှင် အပင်ဖြစ်နှုန်းကောင်းပြီး ထွက်နှုန်း ကောင်းသည်။ အက်စစ်ဆန်သောမြေများနှင့် အရိပ်ကောင်းသော နေရာများ၌လည်း ရှင်သန်နိုင်သည်။ မြေ၏ချဉ်ဖန်ဓာတ် (.-) တွင် စိုက်ပျိုးဖြစ်ထွန်းသည်။

  • ရေဝပ်သောမြေများနှင့် ဆားဆန်သောမြေများတွင် စိုက်ပျိုးရန်မသင့်တော်ပေ။

  • ပျိုးခင်းမှ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မြက်ပင်များကို (၁၆) လက်မ ခြား၍ စိုက်ပျိုး နိုင်သည်။ အခြားမြက်မျိုး၊ ပဲမျိုးများနှင့်လည်း ရောနှောစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးမြက်ပင်များကို (-) ပတ်ခြား ရိတ်သိမ်း သယ်ယူကျွေးမွေးနိုင်သည်။

  • အရသာကောင်းမွန်ပြီး အာဟာရကြွယ်ဝစွာပါဝင်သည်။ အင်အားဓာတ် (.) ရာခိုင်နှုန်းနှင့်သားဓာတ် (၁၀-၁၈) ရာခိုင်နှုန်းပါဝင်သည်။ တစ်ဧကမှ တစ်နှစ်လျှင် အစာစိမ်းအစို (၁၀၀-၁၅၀)တန် ထွက်ရှိနိုင်သည်။ ရိတ်သိမ်းချိန်ရှိ အပင်၏အသက်အရွယ်၊ ရာသီဥတု၊ ရေနှင့် မြေသြဇာပေးနိုင်မှုတို့ပေါ်မူတည်၍ အင်အားဓာတ်၊ သားဓာတ်ပါဝင်မှုနှင့် ထွက်နှုန်းကွာခြားနိုင်သည်။ ထုတ်လုပ်မှု ကောင်းသောရာသီတွင် မြက်ခြောက်ပြုလုပ်ခြင်းနှင့် ချဉ်ဖတ်ပြုလုပ် သိမ်းဆည်းကာ အစားရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစာအဖြစ် အသုံးပြုနိုင်သည်။

  • နေပီယာမြက်ထက် အရွက်ထွက်နှုန်းကောင်းခြင်း၊ ခြောက်သွေ့မှုခံနိုင်ခြင်း၊ အာဟာရပိုမိုခြင်းစသည်တို့အပြင် မျိုးစေ့ကောက်ယူ စိုက်ပျိုးနိုင်သည်။

Source - မြန်မာ_နယူးဇီလန် ကောင်းမွန်သော နို့စားနွားမေွးမြူရေး စီမံကိန်း

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်