COVID-19 ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကြောင့် ကုန်တင်ယာဉ်အခက်အခဲနှင့် ပို့ကုန်ရငွေတန်ဖိုး အမေရိကန်ဒေါ်လာကျဆင်းမှုကြောင့် မိုးစပါးဝယ်လိုအား လျော့နည်းသဖြင့် စပါးဈေးနှုန်း ဆက်တိုက်ကျဆင်းလာသည်။
ယခုနှစ် မိုးစပါးစပေါ်ချိန်တွင် စပါးတင်းတစ်ရာလျှင် ကျပ် ၆၀၀,၀၀၀ ဈေးရှိခဲ့သော်လည်း လက်ရှိတွင်ကျပ် ၅၀၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းလာသည်။
ဧရာဝတီ၊ ပဲခူးတိုင်း စသောဒေသအများစုမှ မိုးစပါးများ စတင်ထွက်ပေါ်ထွက်နေသော် လည်း ရန်ကုန်ဈေးကွက်၏ ဝယ်လိုအားကျဆင်းမှုကြောင့် စပါးဈေးထပ်ကျနိုင်သည်ဟု ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သည့်အသင်းအဖွဲ့များမှ တာဝန်ရှိသူအချို့ကပြောသည်။
ရန်ကုန်ဈေးကွက်တွင်လည်း မိုးစပါးမှကြိတ်ခွဲထားသော ဆန်သစ် ၂၅ မှတ်အမျိုးအစား များက ပြည်ပဆန်တင်ပို့မည့်လုပ်ငန်းရှင်များ ဝယ်လိုအားလျော့နည်းမှုကြောင့် တစ်အိတ် လျှင် ကျပ် ၂၁,၀၀၀ ဝန်းကျင်မှ ကျပ် ၁၉,၅၀၀ သို့ ကျဆင်းလာသည်။
လက်ရှိ ပို့ကုန်ရငွေ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ရန်ကုန်ဈေးကွက်တွင် ပြည်ပတင်ပို့သူများ၏ ဝယ်လိုအား ၅၀ ရာ ခိုင်နှုန်းအထက် လျော့နည်းသွားသည်ဟု ဦးသန်းဦးကပြောသည်။
ယခင်က တစ်ရက်လျှင် အိတ်ရေတစ်သိန်းအထိ ဝယ်အားရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် အိတ်ရေနှစ်သောင်းဝန်းကျင်သာ ဝယ်ယူသည်။
သတင်းအရင်းအမြစ် - MAN Local News
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more