ကမ္ဘာ့ဈေးအကြီးဆုံး အင်ဒေါပလန့် (၁၀) မျိုး

16/07/2022 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အိမ်တွင်းစိုက်အပင်လေးတွေ ခေတ်စားလာတာနဲ့အမျှ ဒီအပင်လေးတွေအပေါ် ခရေဇီဖြစ်တဲ့ လူတန်းစား တစ်ရပ်ဆိုတာလည်း ပေါ်လာခဲ့ပါတယ်။

ဘယ်လောက်ထိတောင် ဒီအပင်လေးတွေအပေါ် ရူးသွပ်လဲဆိုရင် တစ်ပင်တစ်ပင်ကို သိန်းရာချီပေးပြီး ဝယ်ယူကြတဲ့ အထိပါ။

ဘာကြောင့် ဒီလောက်ထိတောင် ဈေးကြီးတာဖြစ်မယ်ထင်ပါသလဲ..။

အပင်လေးတွေရဲ့ ရှားပါးမှုနဲ့ လူတွေရဲ့ တန်ဖိုးထားမှုကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်မကတော့ ထင်ပါတယ်။

ကဲ.. ဒါဆို ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးအိမ်တွင်းစိုက် အပင်လေးတွေကို ပုံလေးတွေနဲ့ တွဲပြီးကြည့်ကြရအောင်ပါ။

(၁) Variegated monstera varieties (ဗယ်ရီကိတ်တက်မွန်စတီရာမျိုး) 

ဒီအပင်လေးကတော့ အင်ဒေါပလန့် ချစ်သူလေးတွေတိုင်းသိကြတဲ့ အသဲစွဲအပင်ဆိုရင်လည်းမမှားပါဘူး။ ဗယ်ရီဂိတ်တက်ဖြစ်တယ်ဆိုတာကတော့ အပင်မှာ အစိမ်းရောင်နည်းသွားကာ အဖြူနဲ့အဝါလေးတွေ ဖောက်ပြီး မျိုးထွန်းလာတဲ့အပင်မျိုးကို ပြောတာပါ။

ဈေးနှုန်းကိုလည်း ကြည့်ကြပါဦး။ အမေရိကန် ဒေါ်လာ ၃၈၀၀၀ တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၈၀၀ နီးပါးပေါ့။ ဒါဟာဈေးအကြီးဆုံး Adansonii variegate (အဒန်စိုနီ ဗယ်ရီဂိတ်) အမျိုးအစားပဲဖြစ်ပါလိမ့်မယ်။ ဒီဈေးဟာ အမေရိကန်နိုင်ငံ သာမာန်ဝန်ထမ်းတစ်ဦးရဲ့ ပျှမ်းမျှ တစ်နှစ်လစာထက်ကို ဒေါ်လာ ၃၀၀၀ လောက် ပိုပါသေးတယ်။

 (၂) Variegated  mini monstera (ဗယ်ရီဂိတ်တက် မီနီ မွန်စတီရာ)

နယူးဇီလန်နိုင်ငံမှာ အရွက်ကိုးရွက်ပါတဲ့ အဖြူရောင် Rhaphidophora Tetrasperma ဗယ်ရီဂိတ်တက်မျိုးကို ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ  ဒေါ်လာ ၂၇၀၀၀ နဲ့ရောင်းချခဲ့ပါတယ်။ ဒီ့အရင်က နယူးဇီလန်နိုင်ငံသားတစ်ယောက်ကပဲ အရွက်လေးရွက်ပါတဲ့ ဒီလိုမျိုးအဝါရောင်ဗယ်ရီဂိတ်တက်တစ်မျိုးကို ဒေါ်လာ ၈၀၀၀ နဲ့ ဝယ်ယူဖူးပြီး ဒီအပင်ကတော့ သူ့ စံချိန်ကို ချိုးလိုက်တာပေါ့။ 

ဗယ်ရီဂိတ်တက်မဖြစ်ဘဲ ပုံမှန်အစိမ်းရောင်ပြည့်နေတဲ့ မီနီမွန်စတီရာမျိုးဆိုရင်တော့ တည်နေရာနဲ့ ဝယ်လိုအားပေါ်လိုက်ပြီး ၁၅ ဒေါ်လာကနေ ၃၅ ဒေါ်လာလောက်ပဲ ပေါက်ဈေးရှိပါတယ်။

(၃) နှစ် ၈၀၀ ရှေးဟောင်းဘွန်ဇိုင်းပင်

ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘွန်ဇိုင်းပြပွဲမှာ ဒီအဖြူရောင် ဘွန်ဆိုင်းထင်းရှူးပင်လေးကို ဒေါ်လာ ၁.၃ သန်းနဲ့ရောင်းချနိုင်ခဲ့ပါတယ်။

ဘွန်ဇိုင်းရဲ့ တန်ဖိုးကိုတော့ သူရဲ့ နှစ်ပေါင်းကြာချိန်၊ သမိုင်းကြောင်း၊ ပုံစံတွေ အရွယ်အစားတွေကို လိုက်ပြီး ဈေးနှုန်းကိုဆုံးဖြတ်ကြတာဆိုတော့ဘွန်ဇိုင်းချစ်သူလေးတွေကတော့ ဒါကို ဈေးများတယ် ထင်မယ်လို့တော့ မထင်ပါဘူးရှင်။

(၄) လူဖန်တီးထားတဲ့ သစ်ခွ

Shenzhen Nogke (ရှန်ဇန် နော့ကဲ) လို့ခေါ်တဲ့ သစ်ခွကို ၂၀၀၅ ခုနှစ်မှာ လေလံတင်ပြီး ရောင်းချလိုက်တာ ဒေါ်လာ ၂၂၄၀၀၀ ရရှိခဲ့ပြီးတော့ ကမ္ဘာ့ဈေးအကြီးဆုံးပန်းဆိုပြီး စာရင်းဝင်သွားခဲ့ပါတယ်။ ဒီပန်းကို တက္ကသိုလ်ဓာတ်ခွဲခန်းတစ်ခုက ပညာရှင်တွေ ၈ နှစ်ကြာအောင်ဖန်တီးခဲ့ရပြီး သစ်ခွပန်းလေးက ၅ နှစ်ကိုမှတစ်ခါ ပွင့်ပါတယ်တဲ့ရှင်။

(၅) Large Monstera Obliqua (ကြီးမားတဲ့ မွန်စတီးရား အော်ပလီကွာ)

ဒီအပင်လေးကတော့ အရွက်တွေထက် အပေါက်တွေက ပိုများပြီး သူ့ရဲ့နူးညံ့တဲ့ အရွက်သားလေးတွေကြောင့် ပြုစုထိန်းသိမ်းရခက်တဲ့ ရှားပါးပင်မျိုးဖြစ်လို့ လေလံသမားတစ်ဦးက ဒေါ်လာ ၂၃၀၀၀ ထိပေးပြီး လေလံဆွဲဝယ်ယူခံရတဲ့ အပင်လေးပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ပုံကိုလည်းကြည့်ကြပါဦး အပေါက်တွေကြီးပဲဆိုတော့ ပြုစုမှုခက် လိုက်မယ့် ဖြစ်ခြင်း။

ဒီလိုပေါက်ဈေးရှိသွားပြီးနောက်ပိုင်းမှာတော့ ဒီလိုမျိုးပုံစံတူပြီး သင့်တင့်တဲ့ဈေးနဲ့ ဝယ်လို့ရနိုင်တဲ့ အပင်မျိုးတွေ အွန်လိုင်းဈေးကွက်တွေမှာ ပေါ်လာပါသေးတယ်။ ဒါပေမဲ့ ဒါတွေက သာမန် မွန်စတီရာအဒမ်ဆိုနီမျိုးတွေကို ရှားပါးမွန်စတီရာအော်ပလီကွာလိုမျိုး ပုံမှားရိုက်ရောင်းချတာမျိုးတွေပဲ ဖြစ်နေပါတယ်တဲ့။

 (၆) Alocasia Azlanii (အလိုကေးရှား အဇ်လနီ)

ဒီအပင်လေးက ရှေးတလောကမှ လူကြိုက်နှုန်းမြင့်လာတဲ့အပင်လေးဖြစ်ပြီး အရွယ်အစားပေါ်မူတည်ကာ ဒေါ်လာ ၁၀၀ ကနေ ၇၀၀ ရှိပါတယ်။ အရွက်ရောင်ကတော့ အစိမ်းရင့်ရောင်လိုလို အနက်ရောင်လိုလိုနဲ့ အနီရောင်၊ ခရမ်းရောင်၊ ပန်းရင့်ရောင်လိုလို ရွက်ကြောလှလှတွေနဲ့လှပစွာရှိနေပါတယ်။ ဒီအပင်လေးကို red membo (ရက်မန်ဘို) လို့လည်းခေါ်ကြပြီး မူရင်းဒေသကတော့ အာရှရဲ့အကြီးဆုံးဖြစ်တဲ့ ဘော်နီယိုကျွန်းက ဖြစ်ပါတယ်။ ဒီအပင်လေးဈေးကြီးရတဲ့ အကြောင်းက အကန့်အသတ်နဲ့ ရောင်းတာမို့ပါ။ အင်ဒေါပလန့် ခရေဇီတွေ အသဲစွဲ အပင်တစ်မျိုးပါပဲ။

 (၇) Anthurium Crystallinum ( အန်သူရီယမ် ခရစ်စတာလီနမ်)

နက်မှောင်တဲ့ ကတ္တီပါအရွက်တွေနဲ့ တောက်ပတဲ့ အဖြူရောင်ရွက်ကြောတွေက ဒီအပင်လေးကို အပင်ချစ်သူတွေစိတ်ဝင်စားစေတဲ့ အကြောင်းဖြစ်မယ်ထင်ပါတယ်။ ဒီအပင်လေးတွေရဲ့ထူးခြားချက်က အရွက်သစ်လေးတွေက လိမ္မော်ရောင်ကနေ တဖြည်းဖြည်းစိမ်းလာတဲ့အတွက် တခြားအပင်တွေ လိုမဟုတ်ပဲ မတူညီတဲ့ အလှကိုပေးလို့ပါ။ သူတို့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၀၀ ကနေ ၂၀၀ အတွင်းရှိပါတယ်တဲ့။ ဒီအပင်လေးက အင်ဒေါပလန့်ချစ်သူလေးတွေရဲ့ ဘက်ဂျက်ဆေ့ဖြစ်တဲ့ အပင်လေးလို့လည်း ဆိုကြပါတယ်။

(၈) Philodendron Pink Princess (ဖီလိုဒန်ဒွန် ပင့်ခ် ပရင့်ဆက်)

ဒီအပင်လေးကတော့ အစိမ်းရင့်ရောင်ကနေ အနက်ရောင်ထိဖြစ်နေတဲ့ အရွက်လေးတွေနဲ့ ပန်းရောင်ဘက်ကို ဗယ်ရီဂိတ်တက်ဖြစ်နေတဲ့ အပင်လေးပဲဖြစ်ပါတယ်။ အပင်စုဆောင်းသူတွေကြားမှာ နာမည်ကြီးတဲ့ အပင်ဖြစ်ပြီးတော့ ၂ ရွက်ကနေ ၅ ရွက်ထိပါတဲ့ အပင်တစ်ပင်ကို ဒေါ်လာ ၁၀၀ ကနေ ၃၀၀ ကြား တန်ကြေးရှိပါတယ်။ အပင်က ဒီထက်ပိုကြီးမယ်၊ ပိုပြီး ဗယ်ရီဂိတ်တက်ဖြစ်နေမယ် ဆိုရင်တော့  ဒေါ်လာ ၁၀၀၀ ထက်တောင် ပိုနိုင်ပါတယ်တဲ့။

(၉) Philodendron Tortum ( ဖီလိုဒန်ဒွန် တော်တမ်)

၆ လက်မအရွယ်အစားရှိ အိုးလေးနဲ့ထည့်ထားတဲ့ အလတ်စားဆိုဒ် ဒီအပင်တစ်ပင်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိပါတယ်။ ဒီအပင်ဘာလို့ဈေးကြီးလည်းဆိုရင်တော့ တခြားအပင်တွေနဲ့ မတူကွဲပြားတဲ့အပြင် ပြုစုစောင့်ရှောက်မှု အတော်လိုအပ်တာကြောင့်လို့လည်းဆိုပါတယ်။ ဥပမာပြောရရင် ဒီတော်တမ်ပင်လေးက စိုထိုင်းဆ မြင့်မားတဲ့ နေရာမှာဆို ကောင်းကောင်းရှင်သန်ကြီးထွားနိုင်တာဖြစ်လို့  အရွက်တွေဖြန့်ကျက်ဖို့ နေရာလည်းအတော်လိုပါတယ်တဲ့။

 (၁၀) Monstera Esqueleto (မွန်စတီရာ အက်စ်ကွီလီတို)

အသေးစား မွန်စတီရာ အက်စ်ကွီလီတိုအပင်လေးတွေဟာဆိုရင် ရှားပါးအပင်ဆိုင်တွေမှာပဲ တွေ့ရလေ့ရှိပြီး ဒေါ်လာ ၅၀၀ ခန့်အထိ ပေါက်ပါတယ်။ ဒီအပင်လေးဟာဆိုရင် အကြီးစား သာမန် monstera Adansonii မျိုးတွေနဲ့ သွားဆင်တူပြီး အဝယ်လိုက်တဲ့ အပင်လေးပါတဲ့ရှင်။ ဒီ အက်စ်ကွီလီတို အပင်လေးသာ အပြည့်အဝ ကြီးထွားမယ်ဆိုရင် အရွက်လေးတွေက ၃ ပေလောက်ထိကိုရှည်ပါတယ်။

ကဲ ၁၀ မျိုးလည်းပြည့်သွားပြီဆိုတော့ အစိမ်းရောင်လမ်းစာဖတ်သူတို့ကရော ဘယ်ပင်လေးတွေ မြင်ဖူးထားပါလိမ့်။

အော် မေ့တော့မလို့ အခုချိန် ၁ ဒေါ်လာကို ၂၁၀၀ ကျော် ဝန်းကျင်ရှိတာမို့ မြန်မာငွေနဲ့တန်ဖိုးကိုသိချင်ရင် မြှောက်ကြည့်ဖို့ မမေ့နဲ့ဦးနော်....

Ref: https://www.soltechsolutions.com/most-expensive-house-plants/?fbclid=IwAR2e1WeZfdoW_EyeUtJUBbYIaE3zBoedXPs9Ciw-DuYGCN6eSMyMui2hiT0


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်