ဖေဖော်ဝါရီ (၂) ရက်တွင် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ် ပုံမှန်လည်ပတ်နေ

03/02/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်တွင် မူဆယ်(၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဂိတ်အတွင်း သစ်သီးကားများ ပုံမှန်အတိုင်း လည်ပတ်ရောင်းချနေကြောင်း သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့၊ မနက်ပိုင်းတုန်းက သစ်သီးကုန်တင်ယာဉ်တွေ ဝင်ထွက်မှု ရပ်ဆိုင်းနေပါတယ်။ ဒီနေ့နေ့လည်ပိုင်းမှာတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးတစ်ခုလုံး ပြန်လည်ပတ်နေပါပြီ။ ဖရဲသခွားကားတွေ စတင်ဝင်ရောက် ရောင်းချနေကြသလို၊ ကားဖြည့်ဖို့ အလောတကြီးလိုအပ်နေတဲ့ ဝယ်လက်တွေနဲ့လည်း ချိတ်ဆက်ရောင်းဝယ်နေကြပါတယ်။ တရုတ်ဝယ်လက်တွေတောင် မျက်စေ့လည်သွားတဲ့ စျေးကွက်အခြေအနေပါ။

ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။

    ဖေဖော်ဝါရီလ (၂)ရက်၊ ဖရဲရောင်းချမှု အစီးပြတ်စျေးများမှာ 855 ဖရဲ ထိပ်စစီးပြတ် ၅၀,၀၀၀ ယွမ် နှင့် အထက်၊ ထိုင်ဝမ်ဖရဲ တန်ချိန် ၃,၅၀၀ - ၄,၀၀၀ ယွမ် စသည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြပြီး သခွားမွှေးသီးများမှာ ၄,၅၀၀ - ၆,၀၀၀ ယွမ်အတွင်း စျေးပြတ် ရောင်းချနေကြသည်။

ဒီနေ့ ကားဝင်နိုင်တဲ့ အရေအတွက်က ခန့်မှန်းခြေ အစီး ၁၀၀ ကျော်လောက် ရှိနိုင်ပါတယ်။

ဟု ဦးစိုင်းခင်မောင်က ဆက်လက်ပြောသည်။

    ဖေဖော်ဝါရီလ (၂)ရက်၊ တရုတ်ငွေဈေးမှာ တစ်ယွမ်လျှင် မြန်မာငွေ (၂၀၃)ကျပ် ဝန်းကျင်ရှိနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်