" အာဟာရကြွယ် အရသာရှိသော မှိုဟင်းခပ်မှုန့် "

21/08/2018 15:47 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(လုပ်နည်းက အောက်ဆုံးမှာမို့ စာဖတ်ပျင်းသော်လည်း လုပ်နည်းသိခြင်သောသူများ အောက်ဆုံးကို ကျော်ဖတ်ပါ)
* လာဗျာ ထိုင် ကိုလူကြမ်း ထမင်းစားကောင်းလား
မိန်းမရေ လက်ဖက်သုပ် ရပြီလား ကွမ်းတထုပ်လောက် သွားဝယ်ခိုင်းအုံးဟ။
*** လာပြီ ရပါပြီ လက်ဖက်သုပ် ပုစွန်ခြောက် လက်မလောက်အကောင်ကြီးတွေနဲ့ ဟီး ဟီး
ရေနွေးကြမ်းလိုရင် ဘေးကဓာတ်ဗူးထဲမှာ အဖြူထည်ရှိတယ် နေ့လည်က ကော်ဖီမစ်ကျန်သေးလား မရှိတော့ရင် တစ်ခါတည်း မှာလိုက်ရအောင်။
* ကော်ဖီမစ်ထပ်ဝယ်ခိုင်းလိုက်ဟာ ခုည နင့်အရီးလေး ဒေါ်တုတ်နဲ့ အေးကြည်တို့အဖွဲ့ လာမယ်ဆို သူတို့ပါခေါ်ခဲ့လေ။
*** ဟုတ် ကျွန်မသွားခေါ်လိုက်အုံးမယ် ခဏစောင့်ကြအုံး လောဆယ် ရေနွေးကြမ်းလေး သောက်ရင်း ခဏစောင့်အုံးနော် ကိုလူကြမ်း။
** ရတယ်အမရေ အေးဆေးလုပ်ပါ တစ်ညလုံး အချိန်ရတယ်လေ အေးဆေး။
*** ကဲလာလာ အရီးလေးခေါင်းရင်းကြွ အေးကြည်မတို့က ဒီဖက်လာဟ ရှေ့တိုး လက်ဖက်သုပ်ခွက်မီအောင်။ ရော့ ဒီမှာကွမ်းနဲ့ ကော်ဖီမစ်ထုပ် သောက်ခြင်သူတွေ ကိုယ်တိုင်သာ ဖျော်သောက်ကြ အားမနာနဲ့နော့ ကျွန်မ ရေနွေးတစ်အိုး ထပ်တည်လိုက်အုံးမယ်။
* ကိုင်း ကိုလူကြမ်း စလို့ရပြီဗျ
** ဟုတ်အစ်ကို
ခုကျွန်တော်မျှဝေပေးခြင်တာက မှို ဟင်းခပ်မှုန့် လုပ်နည်းလေးပါ။ ဒီကလူတွေ အချိုမှုန့်ကို သုံးလာတာ နှစ်ပေါင်းများစွာကြာလာတဲ့အခါ ရောဂါဖြစ်မှုတွေရှိလာတယ် အချိုမှုန့်ရဲ့ အန္တရာယ်ကို သိကြမယ် ထင်ပါတယ်။ အဲ့ဒီအန္တရာယ်ကို ရှောင်ရင်း ဟင်းခပ်မှုန့်ကနေ အာဟာရပြန်ပေးနိုင်မဲ့ မှို ပေါ့။ ခုလိုအချိန် ရာသီပေါ် မှိုတွေကိုပဲလုပ်လုပ် ဒီမှိုတွေကို စိတ်မချရင် စိုက်ပျိုးရေးမှိုကိုလည်း ကြိုက်သလိုဝယ်လို့ရနေချိန်မှာ အကုန်အကျနည်းနည်းနဲ့ လုပ်လို့ရတယ်ဗျ။
* သူပြောတာသဘောပေါက်လား အရီးလေး မရှင်းရင်မေးနော် အားမနာနဲ့ဗျ။
** ကျွန်တော်အရင်ဆုံး အချိုမှုန့်နဲ့ ပတ်သက်တာလေး ရှင်းပြမယ်ဗျ။ သိပြီးသားဆိုလည်း ထပ်မွန်းမံလိုက်ပေါ့ဗျာ။ ယခင်က သူမပါရင်မပြီးတဲ့ ဟင်းချိုမှုန့် (MSG- Mono- sodium glutamate)လို့ခေါ်တဲ့ဟာက ဟင်းချက်တဲ့နေရာမှာ မသုံးမဖြစ် သုံးခဲ့ကြတယ်။ ခုချိန်မှာတော့ သူ့ရဲ့ဆိုးကျိုးကိုသိလာတဲ့အခါ လူတွေရှောင်လာကြတဲ့အချိန်ကို ရောက်ရှိနေပါပြီ။ ဆိုးကျိုးဖြစ်ရတဲ့အကြောင်းကလည်း တည်ဆောက်ဓာတုဗေဒနဲ့ သဘာဝဘေးထွက် ပစ္စည်းတွေကနေ အခြေခံထားလို့ အာဟာရနယ်ပယ်မှာ အကျိုးမရှိ။ ဘာသာရေးသမားတို့ ရှောင်ရှားပြီး ဝေဒနာရှင်များရဲ့ ရင်ကို ပူလောင်စေခြင်းများ ရှိလာပါတယ်။
အာဟာရနယ်ပယ်မှ ထုတ်ယူတဲ့ MSG အစား ရေနံဓာတုပစ္စည်းတို့မှ ဆန်းသစ်ထုတ်ယူလာတာတွေ ရှိလာလို့ မနှစ်မြို့စရာ ဆိုကျိုးတွေ ဖြစ်လာတယ် ခင်ဗျ။
*** တော်တော်ကို ကြောက်ဖို့ကောင်းတဲ့ နည်းပညာတွေပါလားရှင် ကျွန်မတို့တွေ ဒါမျိုးတွေ ဘယ်သိပါ့မလဲ ခုမှကြားဖူးတာ ကဲ အရီးလေး ကြားလား ပဲဆုံဆီနဲ့ထမင်းပူပူလေး နယ်စားတာတောင် အချိုမှုန့်လေးထည့်နယ်နော်လို့ ပြောတဲ့ အရီးလေး သေချာနားထောင် ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာ။
** ဂျပန်မှာ ပထမတော့ ပင်လယ်ရေထွက်ပစ္စည်း ဆာဂါဆမ်မှ MSG ကိုထုတ်လုပ်ခဲ့တယ်။ ငါးပိ ငံပြာရည် ပဲပုပ်တို့ကနေလည်း MSG ကို ထုတ်လုပ်ခဲ့တုန်းအချိန်က အများကလက်ခံခဲ့တယ်။ နောက်ဆုံး ပီလောပီနံ ကုန်ကြမ်းပစ္စည်းမှ ဂလူးကိုစ့်ထုတ်ပြီး MSG ထုတ်လုပ်တဲ့အထိ ဘာပြသနာမှမပေါ်သေးဘူးဗျ။
ပီလောပီနံကနေ ဂလူးကိုစ့်ထုတ်ပြီး အဏုဇီဝမှိုများ
စာလိုပြောရမယ်ဆိုရင်တော့
မိုက်ခရို ကော့ကပ်စ် ဂလူးတာမီးကပ်စ် (Micorcoccus glutamicus)
ဗရီဗီဗက်တီးရီးယမ်း (Brevebacterian)
မိုက်ခရိုဗက်တီးရီးယမ်း (Microbacterian)
ကိုရီယိုဗက်တီးရီးယမ်း(Cariobacterian)
တို့နဲ့ ဟင်းချိုမှုန့်ဖန်တီးတာဟာ မှိုတက်ရယူခြင်းပဲ ဖြစ်တယ်ဗျ။
ပဲပုတ်လည်း ထိုနည်းတိုင်းပဲ ပဲပုတ်ကို မှိုတစ်မျိုး တက်စေပြီးတော့ ဟင်းချိုမှုန့် အရသာရှိတဲ့ ဆီတို့ဟူးကို ဖန်တီးယူကြတာပဲ ရှမ်းရိုးရာ စားသောက်စရာပေါ့ ဆီတို့ဟူးကလေ သိတယ်မို့လား။
ကျွန်တော်တို့ လျှာပေါ်မှာ စွဲနေတဲ့ ဟင်းချိုမှုန့် အရသာကို အစားထိုးလို့ရဖို့ အဲ့ဒိလို ဆီတို့ဟူးလို ဖန်တီးထားတဲ့အရာအားလုံးက အန္တရာယ် ပိုကင်းတယ်ဗျ။ ဒီကိစ္စမှာလည်း သေချာရှင်းပြရရင် ပဲပုတ်ကို မှိုတစ်မျိုးအတက်ခံပြီး ဆီတို့ဟူးဖြစ်လာတာက အဲ့ဒိအတက်ခံလိုက်တဲ့ မှိုမှာ အဏုဇီဝသက်ရှိမှိုမျိုးမှုန် (Spore)တို့ရဲ့ ထူးကဲတဲ့ စွမ်းရည်တွေက အရသာကိုဖန်တီးပေးသွားတာပဲဗျ။
* ရေနွေးသောက်အုံး ကိုလူကြမ်း သေချာနားလည်အောင် ရှင်းပြပေးပါဗျာ လူပြိန်းနားလည်အောင် ပြောပြပေးဗျ ခင်ဗျားက စာလိုပြောတာတွေ သိပ်ပြီးနားမလည်နိုင်ဘူး ကျွန်တော်အမျိုးအကြောင်း ကျွန်တော်သိတယ်။
*** အမလေးတော် အဲ့ဒိအဆင့်လောက်တော့ ကျုပ်လည်းနားလည်ပါတယ်ရှင် ဘုရားစူးဘွဲ့ရပါ။ ကိုလူကြမ်း ပြောတတ်သလိုပြောပါစေ ကျွန်မနားလည်သလို ပြန်ရှင်းပြတတ်ပါတယ်။ ကျွန်မအရပ်နဲ့ ကျွန်မဇာတ် နိုင်ပါတယ်ရှင် အထင်မသေးစမ်းပါနဲ့ ဆက်ပြော ကိုလူကြမ်း ရတယ်
** ဟုတ်အမ ကျေးဇူးပါ ဆက်ပြောမယ်နော့
ကျွန်တော်တို့သုံးစွဲနေတဲ့ အဖျော်ရေ၊ ဘီယာ၊ ပေါင်မုန့် ၊ဝိုင်၊ ဆာကေးမှအစ ထန်းရည် အဆုံးပေါ့ အစာအာဟာရအသွင် ကူးပြောင်းအောင် လုပ်ပေးတဲ့ တဆေး (Yeast)ကလည်း မှိုအမျိုးအစားထဲ ပါတယ်ဗျ။ စက်မှုလုပ်ငန်းသုံး တဆေးပေါ့။ တဆေးအမျိုးပေါင်း (500)ကျော်ရှိပြီးတော့ အားလုံးဟာ (Fungus)လို့ခေါ်တဲ့ မှိုအမျိုးအစားထဲ ပါတယ် အစ်မရဲ့။ စက္ကူထုတ်တဲ့ ပျော့ဖတ်ဘေးထွက် ပစ္စည်းတွေကလည်း တဆေး(Candida utilis) အမျိုးအစားကိုသုံးပြီး ပရိုတင်း ထုတ်ယူနိုင်သေးတယ်ဗျ။ နောက်တစ်ခါ ရေနံချက်စက်ရုံထွက် ပက်ထရိုလီယမ်အယ်လ်ကိုင်း ကနေ ပရိုတင်းထုတ်လုပ်ရာမှာ (Saccharomyces lipolytica) မျိုးစိတ်ကို အသုံးပြုထုတ်ယူတယ်လို့ ဖတ်ဖူးတယ် အစ်မရေ။
*** ဟုတ်ကဲ့ ကိုလူကြမ်း ခုပြောသွားတာတွေကို ကျွန်မ သဘောပေါက်သလောက်ပြန်ပြောရရင်တော့ အရာရာတိုင်းမှာ အလှကိုယ်စီရှိကြသလို တန်ဖိုးလည်း သူ့နေရာနဲ့သူရှိကြတယ်။ ဒါပေမဲ့ ရှိသင့်တဲ့ အာနိသင်တန်ဖိုးကို ငွေကြေးနဲ့ နည်းပညာထပ်တိုးပြီး လွန်လွန်ကဲကဲမြှင့်တင်လိုက်တော့ လူသားတွေ အကျိုးရှိမဲ့အရာတွေက အန္တရာယ်ဖြစ်လာတာပဲလေ နောက်ဆုံးဘာဖြစ်လာလည်းဆိုတော့ မူရင်းအလှတွေ ပျောက်ကွယ်ပြီးတော့ စီးပွားရေးသမားတွေရဲ့ လိုရာပုံသွင်းခံရတဲ့ ကစားစရာ အရုပ်အလှဖြစ်သွားတာပဲ လူတွေလောဘ အတ္တတွေ ကြောက်စရာ ကောင်းတယ်ရှင်။
* ဟ မိန်းမရ ဒီစကားအသုံးအနူန်းတွေ မင်းဘယ်က တတ်လာတာတုန်း ငါနဲ့ညားတာကြာပေါ့ တစ်ခါမှ ဒါမျိုးမပြောဖူးပါဘူးဟယ် ဘယ်ကတတ်။
*** အို ရှင်ကလည်း ကျွန်မလည်း စာတွေဖတ်ပါတယ် ဘုရားစူးဘွဲ့ရဆိုပေမဲ့ ဒီလောက်တော့ ပြောနိုင်ပါသေး။ ရှင်နဲ့က ဒီစကားတွေ ပြောစရာအခွင့်ရှိလို့လား နေထွက် နေဝင် စားဝတ်နေရေးလုံးပန်းနေရတာဟာ ဘယ်မှာ ဘာသွားပြောရမတုန်း။
ကဲ ကိုလူကြမ်းရေ ညဉ့်လည်းနက်ပြီ အိပ်ယာမဝင်ခင်လေး ခေါင်းစဉ်အရ မှိုဟင်းခပ်မှုန့် လုပ်နည်း ပြောတော့ အရီးလေးတို့လည်း ပြန်ဖို့ရှိသေးလို့။
** ဟုတ်အမ လုပ်နည်းကတော့ အများအပြားရှိတယ်ဗျ ဘယ်နည်းမဆို လွယ်ပါတယ် ဒီလိုဗျာ အလွယ်ဆုံးနည်းကနေ စပြောမယ်
*** ဟုတ် ခဏနော် စာအုပ်နဲ့ ဘော့ပင် ယူလိုက်အုံးမယ် နည်းက တစ်နည်းတည်းမဟုတ်တော့ ရှုပ်ကုန်မှာစိုးလို့ စာနဲ့ရေးမှတ်ထားလိုက်မယ်။

(1) အိမ်သုံးအလွယ်လုပ်နည်း
ကောက်ရိုးမှို ငွေနှင်းမှို ကြွက်နားရွက်မှိုများကို ရေစင်အောင်ဆေးပြီး မိနစ်အနည်းငယ်ပြုတ်လိုက်ပါ။ (တအားပျော့မသွားစေရပါ) နေပူပူမှာ လုံးဝ ခြောက်သွားအောင် လှမ်းပါ။ အစိုတစ်ပိသာလှမ်းရင် အခြောက် တစ်ဆယ်သားဝန်းကျင်ရပါမည်။ ထို့နောက် အမှုန့်ကြိတ်ပါ။ ရရှိလာသော မှိုအမှုန့် တစ်ပိသာမှာ ဆား တစ်ဆယ်သား သကြား တစ်ဆယ်သားထည့်မွှေပြီး လေလုံသော ဗူးထဲတွင်လည်းကောင်း အိတ်ပိတ်ထားသို၍သော်လည်းကောင်း သုံးစွဲနိုင်ပါသည်။ (လေမလုံလျှင် မှိုတက်ပြီး အန္တရာယ်ဖြစ်နိုင်ပါမည်)

(2) အိမ်သုံးအလွယ်နည်း
မှိုပွင့်လေးတွေကို သေးသေးလေးတွေ ဖြစ်အောင်နွှင် ရေနွေးထဲဆားအနည်းငယ်ခပ်ပြီး နာရီဝက်လောက်စိမ်ထား ပြီးရင်စကာထဲထည့် ရေစစ်အခြောက်ခံ ခြောက်သွေ့သွားပြီဆိုရင် လေလုံအောင် ထုပ်သိမ်းထားလိုက်ပါ။ အဲ့ဒီ မှိုခြောက်ကိုတော့ ဟင်းထဲပဲခပ်ခပ် ဒီတိုင်းရေနွေးဖျောပြီး သုပ်စားစား အဆင်ပြေတယ်ဗျ။

(3) အိမ်သုံးအလွယ်နည်း
အထက်ပါနည်းအတိုင်းရရှိလာသော မှိုခြောက်အမှုန့်များတစ်ပိသာလျှင် ကန်စွန်းရွက်ခြောက်အမှုန့် (သို့) ကန်စွန်းဥအခြောက်မှုန့် တစ်ဆယ်သားရောသမမွှေပြီး လေလုံလုံထားရှိပြီး သုံးစွဲပါကလည်း အဆင်ပြေပါသည်။

(4) စီးပွားဖြစ်လုပ်နည်း
မှိုအမှုန့် 50 g
ကြက်သွန်နီ အမှုန့် 20 g
ကြက်သွန်ဖြူ အမှုန့် 20 g
သကြားအမှုန့် 5 g
ငရုတ်ကောင်း မှုန့် 3 g
ဆား 2 g

** ဒီနည်းလေးတွေက အလွယ်တကူလုပ်ပြီး ကိုယ့်အိမ်အတွက်တင်မက တစ်ပိုင်တစ်နိုင်စီးပွားဖြစ် လုပ်ပြီးရောင်းချနိုင်မဲ့နည်းလေးတွေ ဖြစ်တယ်ဗျ။ စီးပွားဖြစ်ရောင်းမယ်ဆိုရင်တော့ ခေတ်မီဓာတ်ခွဲခန်း စစ်ချက်တွေနဲ့အတူ အစ်မရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မှတ်ပုံတင် လုပ်ငန်းလိုင်စင်လုပ် ရောင်းလို့ရပြီ အစ်မရေ။ လိုင်စင်လုပ်တာကလည်း အခက်ခဲကြီးမဟုတ်ဘူး ခင်ဗျ ကျွန်တော်ကူညီပေးလို့ရတယ်။ လုပ်ချင်ရင် လာခဲ့ဗျာ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။
*** ကိုလူကြမ်း ပြောပြလိုက်တော့လည်း လွယ်သားပဲ ကျွန်မတို့တွေ လိုက်လုပ်လို့ရတဲ့နည်းတွေပဲဟာ လုပ်မယ်ရှင် လောဆယ်ရောင်းစားဖို့ထက် ကျွန်မတို့ရွာသားတွေ အန္တရာယ်ကင်းဖို့ ဒီနည်းလေးတွေနဲ့လုပ်ပြီး တတ်နိုင်သလောက် ဝေလိုက်အုံးမယ်။
* အေးပါ မိန်းမရာ မင်းအလုပ်တစ်ခုရပြီပေါ့နော့ ကောင်းပါ့ ကောင်းပါ့။
** ကောင်းတာပေါ့ အစ်မရာ နောက်ဆုံရင် မှိုနဲ့ပတ်သက်ပြီး အခြားထုတ်ကုန်ပစ္စည်း လုပ်နည်းလေးတွေ မျှဝေပါအုံးမယ်။
* ကျွန်တော်အိမ်ကတော့ အချိန်မရွေး ဝဲလ်ကမ်းပါ ကိုလူကြမ်း။
** အိုကေပါ အစ်ကို
ကဲ အားလုံးပဲ goodည
မှိုထုတ်ကုန်အစွမ်းဖြင့် စိတ်ရွှင်လန်းကြပါစေဗျာ။
Lu Gyan Gyi
11-8-2018
Lu Gyan Gyi Facebook Page မှ ကူးယူ ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်