ရှမ်းပြည်နယ်မှာ စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဖွဲ့သွားမည်

08/10/2019 16:15 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရှမ်းပြည်နယ်မှာ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့သွားမည်

စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) မှာ ထပ်မံဖွဲ့စည်းသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မှိုအစုအဖွဲ့အားကောင်းတဲ့နေရာများမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးတင်အောင်ကပြောပါတယ်။

“ မှိုအစုအဖွဲ့တွေကို တိုင်းနဲ့ပြည်နယ်အားကောင်းတဲ့နေရာတွေမှာ ဆက်လက်ဖွဲ့စည်းလုပ်ဆောင် သွားမယ်။ ရှမ်းပြည်နယ်မှာ မြို့နယ်အလိုက်လေးတွေစုထားပြီးပြီ။ ပြည်နယ်အဆင့်ကိုတော့ အဆင်ပြေတဲ့ရက်မှာဆွေးနွေးပြီး ဖွဲ့စည်းသွားမယ်”

စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း သွား ရောက်ဖွဲ့စည်းသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မှိုစိုက်တောင်သူများအတွက်လည်း ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်သင်တန်းများပေးနိုင်ရန်အတွက်လည်း စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်