မြန်​မာ့ဆန်​နှင့် ပဲမျိုးစုံ အစ္စရေးသို့ တင်ပို့မည်

27/09/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်​မာ့ဆန်​နှင့် ပဲမျိုးစုံကို အစ္စ​ရေးနိုင်​ငံ သို့ ယခုနှစ်​အတွင်း တရားဝင်​တင်​ပို့မည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံ ဆန်​စပါးစိုက်​ပျိုးထုတ်​လုပ်​သူများအသင်းဥက္ကဋ္ဌ ဦးစိန်​ဝင်းလှိုင်​က စက်​တင်​ဘာ ၂၅ ရက်​က မြန်​မာတိုင်းမ် နေ့စဉ်​သို့ ​ပြောဆိုသည်​။

"အစ္စ​ရေးနိုင်​ငံကိုတင်​ပို့ဖို့ ​ဈေးကွက်​ရှာ​ဖွေ​ရေး​နဲ့ အသင်းကတစ်​ဆင့် ကမ်းလှမ်းတာ​တွေရှိပါတယ်​။ ဆန်​စပါးလည်းရှိသလို ပဲမျိုးစုံ ကမ်းလှမ်းနေတာရှိပါတယ်​။ ကျွန်​​တော်​တို့ ညှိနှိုင်းနေတာရှိပါတယ်​။ မကြာခင်​ အစ္စ​ရေးက အဖွဲ့တစ်​ဖွဲ့ ​အောက်​တိုဘာလဆန်း မှာလာပြီး​တော့ ကျွန်​​တော်​တို့နဲ့​ဆွေး​နွေးပြီး​ နှစ်​ဖက်​ စိုက်​ပျိုး​ရေးသီးနှံထွက်​ကုန်​ပူး​ပေါင်းဆောင်​ရွက်​နိုင်​​အောင်​ စီစဉ်​​နေတဲ့အ​နေ အထားရှိပါတယ်​။ တင်​ပို့ဖို့ ဒီနှစ်​ထဲမှာဖြစ်နိုင်​ ပါတယ်​။​ဈေးနှုန်းတွေနဲ့ လိုအပ်​ချက်​​တွေကို ကမ်းလှမ်းထားပြီးသားပါ။ ဆန်ဆိုရင် ပေါ်ဆန်း ​မွှေးတို့လိုမျိုး၊ ပဲမျိုးစုံ၊ သီးနှံ​တွေလည်း သူတို့ လိုအပ်​ပါတယ်​"ဟု ၎င်းက​ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်