မြန်မာ့မန်ကျည်းများ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာ

04/03/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခု နွေဦးရာသီတွင် စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား မြန်မာ့မန်ကျည်းများ အထွက်နှုန်းနည်းပါးသည့်အတွက် မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။

အရောင်းသွက်

အဆိုပါ မန်ကျည်းများကို ဇီးပင်ကြီး၊ ပုပ္ပါး၊ နေပြည်တော်၊ ပျဉ်းမနား၊ ပခုက္ကူ ဒေသတို့မှ စတင်ထွက်ရှိကာ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာပြီး လက်ရှိတွင် ယမန်နှစ်က ယခုလိုရာသီတွင် အစေ့ပါမန်ကျည်း တစ်ပိဿာလျှင် ကျပ် ၈၀၀ နှုန်းသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၄၅၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ယမန်နှစ်က အစေ့လွတ်(မန်ကျည်းသား) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၂၈၅၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဈေးနှုန်းများမြှင့်တက်၍ အရောင်းသွက်လျက်ရှိသည်။

စောင့်ပြီးဝယ်ယူ

''ဒီနှစ် မကျည်းပေါ်ချိန်မှာ ရာသီဥတုကြောင့် အထွက်နှုန်းက မနှစ်ကထက် သုံးပုံတစ်ပုံလောက်ပဲထွက်တယ်။ ဒါ့အပြင် ဝါနှစ်ဝါထပ်တဲ့အတွက် ထွက်ပေါ်ချိန်လည်း နောက်ကျတယ်။ ဒါကြောင့် ဈေးနှုန်းက မနှစ်ကထက် တစ်ဆလောက် မြှင့်တက်လာတဲ့အပြင် ဝင်လာသမျှ မန်ကျည်းတွေကို ဈေးကွက်မှာ စောင့်ပြီးဝယ်ယူနေကြရတယ်။ လောလောဆယ် ဈေးကွက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဝယ်လက်တွေ အစောဆုံး ဆင်းဝယ်နေကြတယ်။ မန်ကျည်းတစ်လှည့် ဇီးတစ်လှည့်ဆိုတဲ့ မြန်မာ့ဆိုရိုးအရဆိုရင် ဒီနှစ်မှာတော့ မန်ကျည်းဈေးကောင်းတဲ့ အလှည့်လို့ ပြောရမှာပဲ'' ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

မြန်မာ့မန်ကျည်းသီးကို နှစ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ပုံမှန်ဝယ်ယူလေ့ရှိပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ တရုတ်နိုင်ငံမှလည်း ဝယ်ယူမှုများရှိလာကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း ရမည်းသင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်များမှလည်း ထပ်မံထွက်ရှိလာတော့မည်ဖြစ်ရာ သင်္ကြန်မတိုင်မီကာလအတွင်း ဈေးကွက်သို့ နယ်စုံမှ မန်ကျည်းများ လှိုင်လှိုင်ဝင်ရောက်လာတော့မည် ဖြစ်သည်။

အများဆုံးစိုက်ပျိုး

မန်ကျည်းပင်ကို မြန်မာပြည်အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ နှစ်ရှည်ပင်အဖြစ် ဘိုးဘွားစဉ်ဆက် အများဆုံးစိုက်ပျိုးခဲ့ကြပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ နွေဦးပေါက်ရာသီတွင် ခူးဆွတ်ယူနိုင်ပြီး မြန်မာလူမျိုးများအတွက် ဆေးဝါးအဖြစ်သာမက ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုလျက်ရှိသည့်အပြင် ပြည်ပပို့ကုန်အဖြစ်လည်း အားထားရသည့် သီးနှံဖြစ်ကြောင်းသိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

Source-Ministry Of Information


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်