မြန်မာ့ဖရဲကိုဟောင်ကောင်ကိုတင်ပို့သွားမည်
လာမယ့်လအတွင်းမှာ မြန်မာ့ဖရဲကို ဟောင်ကောင်ကိုတင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို ဟောင်ကောင်မှအမှာရှိတာကြောင့် နိုဝင်ဘာလအတွင်းမှာ တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါ တယ်။
“ နိုဝင်ဘာလဆိုရင်တော့ အမှာလေးတွေလည်းရှိလာတော့ မြန်မာ့ဖရဲကိုတင်ပို့ပေးရတော့မှာ။ နောက် လထဲမှာဟောင်ကောင်ကို တင်ပို့ပေးရမယ်။ အခုကတော့ တရုတ်ကိုပဲတင်ပို့နေရတာပါ။ ဒီလလယ်လောက်ဆို တင်ပို့မှု အားကောင်းလာမှာပါ”
ယခင်လပိုင်းအတွင်းက ဖရဲတစ်တန်ကိုယွမ် ၉၀၀ ဝန်းကျင်သာရရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း မြန်မာ့ဖရဲတစ်တန်ကို ယွမ် ၁၅၀၀ မှ ၂၃၀၀ ယွမ်အထိစျေးနှုန်းများရရှိလာကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို တရုတ်ကို အဓိကထားတင်ပို့နေပြီး အခြားပြည်ပစျေးကွက်များကိုလည်း တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more