မြေပဒေသာကျွန်းရှိ ပျိုးပင်အရောင်းဆိုင်တွေမှာ မီးသတ်စနစ်တပ်ဆပ်ဖို့ လိုအပ်ချက်တွေရှိနေ

18/01/2021 14:30 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    ဇန်နဝါရီလ ၁၄ ရက်ညမှာ မီးလောင်ကျွမ်းခဲ့တဲ့ မြေပဒေသာကျွန်းက မျိုးစေ့၊ အပင်နှင့် စိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းအရောင်းဆိုင်များမှာ မီးသတ်စနစ်တွေတပ်ဆင်သွားဖို့ လိုအပ်နေတယ်လို့ မီးဟပ်သွားတဲ့အတွက် ပျိုးပင်ဆွေဆုံးရှုံးလိုက်ရတဲ့ မဟူရာပွင့် ပျိုးပင်အရောင်းဆိုင်က ဦးမြင့်စိုးဦးက Green Way ကိုပြောပါတယ်။ 

အဓိကကတော့ ဒီမှာ မီးသတ်စနစ်ထည့်ဖို့ပါပဲ။ ကျန်တော်တို့ မီးလောင်ရင် မီးသတ်ဖို့ကို ဒီမှာ ဘာမှမရှိဘူး။ ရေကန်ကြီးရှိတာပဲ ရေစုပ်ဖို့မရှိဘူးလေ၊ ပုံမှန်အားဖြင့် မီးလောင်ရင် မီးကဖြတ်လိုက်တော့တာမလား။ မော်တာတွေ အလုပ်မလုပ်တော့ဘူးလေ။ အဲ့စနစ်တစ်ခုလိုတာပေါ့။ အဲ့လိုလုပ်မှ။ မလုပ်ရင်မရဘူး။ ကျွန်တော်တို့ဆိုင်တွေက နေရာလေးတွေကျဉ်းကျဉ်းလေးတွေ။ ကျဉ်းတော့ ဖြစ်ညှစ်ပြီးထားထားရတော့ ပိုဆိုးတာပေါ့။ နောက်တစ်ခါဖြစ်ရင် နောက်တစ်ခါ အဲ့လိုဖြစ်အုန်းမှာပဲ

လို့ ဦးမြင့်စိုးဦးက ပြောပါတယ်။ 

    မျိုးစေ့၊ အပင်နှင့် စိုက်ပျိုးရေးသုံးပံ့ပိုးပစ္စည်းအရောင်းဆိုင်ပေါင်း ၇၀ လောက်ရှိတဲ့ မြေပဒေသာကျွန်းမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ဆိုင်ခန်းပေါင်း ၇ ခန်းမီးလောင်ကျွမ်းခဲ့ရပြီး ဒီလိုဖြစ်ပွားမှုတွေ နောက်ထပ်မဖြစ်ဖို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အရောင်းဆိုင်တွေအပေါ်မှာ စည်းကမ်းသတ်မှတ်ချက်တွေ အသစ်ထပ်မံထုတ်ပြန်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဦးဇော်လင်းက Green Way ကိုပြောပါတယ်။ 

တို့ကတော့ ဒီအပေါ်မှာ စည်းကမ်းတွေဘာတွေ ပြန်လုပ်သွားမယ်။ ဆိုင်တွေကို BOT စနစ်နဲ့ ငှားထားတာဖြစ်ပါတယ်။ သူတို့ ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ဒါတွေ အကုန် စာတွေ ထုတ်ပေးထားပါတယ်

လို့ ဦးဇော်လင်းကပြောပါတယ်။

    မီးလောင်ကျွမ်းခဲ့တဲ့ညက ရွှေအိုးကမ္ဘာ ပန်းအိုးနဲ့ ပျိုးပင်အရောင်းဆိုင်မှာ ဖုန်းပါဝါဘဏ့်အားသွင်းရာကနေ ဝါယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်ကို အရေးယူထားပြီး မီးအာမခံထားတာတွေ မရှိဘူးလို့ ပိုင်ရှင် ဒေါ်လှလှရီက Green Way ကိုပြောပါတယ်။

မီးသတ်တွေလာလို့လည်း ဒီလောက်နဲ့ပြီးသွားတာ။ နို့မို့ဆိုရင် အများကြီးလောင်မှာ လေ။ ဆုံးရှုံးတာကတော့ ဆိုင်ကပြန်ပြင်ဆောက်ရမယ်။ ရှိတဲ့ပစ္စည်းတွေက မရတော့ဘူး။ အန်တီကအဓိက ပန်းအိုးရောင်းတာ၊ ကော်အိုးတွေကများတော့ ကော်အိုးတွေ အကုန်ဆုံးရှုံးတာ၊ အကုန်ပျော်ဆင်းသွားတာ။ ဒီမှာကတော့ ဘယ်သူမှ မီးအာမခံမထားကြဘူး

လို့ ပြောပါတယ်။ 

    မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက Level 1 အဆင့်သတ်မှတ်ထားပြီး လောင် ကျွမ်းချိန် စုစုပေါင်း ၃၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အနေနဲ့  ကျပ်သိန်း ၂၀၀ ခန့်ရှိတယ်လို့ ဗဟန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုခွဲမှူး ဦးစိုးညွှန့်က Green Way ကိုပြောပါတယ်။

ကျွန်တော်တို့တွေ့ရှိရတာတော့ ဝါယာရှော့ခ်လို့ကြားတယ်လေ။ ကျွန်တော်တို့လာတဲ့အချိန်မှာတော့ မီးက တော်တော်လေးတော့ များနေတာပေါ့လေ။ ပျိုးပင်တွေကတော့ တော်တော်လေးကုန်သွားပါတယ်။ တန်ဖိုးကတော့ မပါဘူးဆိုရင်တောင်မှ ကျပ် သိန်း၂၀၀ ဝန်းကျင်လောက်ရှိပါတယ်

လို့ ဦးစိုးညွှန်းက ပြောပါတယ်။ 

    မြေပဒေသာကျွန်းကို ယခင်က မြင်းစီးကျွန်းလို့ခေါ်တွင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ အများပြည်သူတွေ စားပင်သီးပင်၊ ဟင်းသီးဟင်းရွက်မျိုးစုံကို ကြည့်ရှုလေ့လာပြီး ဗဟုသုတရစေဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဝါသနာပါလာကြဖို့ရည်ရွယ်ပြီး စိုက်ပျိုးရေးပညာပေးပြကွင်းကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီခုနှစ် မတ်လမှာပဲ ပထမအကြိမ်သစ်သီးဝလံ ပြပွဲကြီးကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ မြေပဒေသာကျွန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲက ဦးစီးကွပ်ကဲလျှက်ရှိပြီး စိုက်ပျိုးအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်