ပဲပုပ်သီးနှံ သုတေသနရလဒ်အဖြစ် အသက်ရက် (၁၀၀ မှ ၁၁၀) အတွင်း ရိတ်သိမ်းနိုင်သော ရေဆင်း- ၆၊ ရေဆင်း- ၁၁ နှင့် ရေဆင်း - ၁၅ ပဲပုပ်မျိုးများကို တောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးများပွားများလျက်ရှိပါသည်။ ၎င်းမျိုး များသည် အထွက်နှုန်း (Yield Potential) တစ်ဧက (၄၀) တင်းအထိ ထွက်နိုင်ပြီး၊ အသားဓာတ် (Protein) ပါဝင်မှု (၃၄ မှ ၄၃ %) နှင့် ဆီပါဝင်မှုနှုန်း (၂၀ မှ ၂၂%) အသီးသီးပါဝင်သော မျိုးများ ဖြစ်ပါသည်။ ၎င်းမျိုးများသည် မိုးရာသီနှင့် စပါးသီးထပ်အဖြစ် စိုက်ပျိုးနိုင်ပြီး၊ တောင်ပေါ်မြေပြန့် စိုက်ပျိုးနိုင်သောမျိုးများအဖြစ် စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါ သည်။
ပဲပုပ်သီးနှံသည် လယ်သီးထပ်၌ ဈေးကွက်အခက်အခဲဖြစ်နေသော ပဲသီးနှံများနေရာတွင် အစားထိုး စိုက်ပျိုးနိုင်ခြင်း၊ အာဟာရ နှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သော ပဲပုပ်ဆီဖြစ်ခြင်းကြောင့် ဆီထွက်သီးနှံ ဖူလုံရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။
ဆက်လက်၍လည်း ပဲပုပ်မျိုးစပ် ပညာရှင်များ (Soybean Breeders) ၏ ကြိုးပမ်းမှုကြောင့် အထွက်စွမ်းအား (Yield Potential) နှင့် ဆီထွက်နှုန်း ပိုမိုသာလွန်သော မျိုးသစ်များလည်း ထပ်မံ၍ သုတေသနရလဒ်အဖြစ် အောင်မြင်စွာ ရရှိနေ ပြီဖြစ်ပါကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနတစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
Source - စိုက်ပျိုးရေးသုတေသနဦးစီးဌာန
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more