ကီလိုမာလကာသီးထွက်ရှိသည့် ရာသီချိန်ဖြစ်သော်လည်း ကုန်သည်ပွဲစားများ ဈေးကစားမှုကြောင့် ဈေးကောင်းမရ

14/09/2021 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

ကီလိုမာလကာသီးများထွက်ရှိသည့် ရာသီချိန်ဖြစ်သော်လည်း ကုန်သည်ပွဲစားများ၏ ဈေးကစားမှုကြောင့် ဈေးကောင်းမရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ကီလိုမာလကာသီးပင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

"အခုလပိုင်း တစ်လ နှစ်လလောက်အတွင်းမှာ မာလကာခြံတွေက အသီးပေါ်နေတာ တောက်လျှောက်ပါပဲ။ နေ့တိုင်း အသီးတွေက ထွက်နေတယ်။ တစ်နေ့ကို ကားတစ်စီး နှစ်စီးစာလောက် ထွက်တယ်။ ကုန်သည်တွေက ခြံကို လာသယ်ကြတယ်။ ဈေးကောင်းကတော့ မရဘူး။ ကုန်သည်တွေရဲ့ ဈေးကစားတာကို ခံနေကြရပါတယ်။ သူတို့ပေးသလောက်ဈေးနဲ့ပဲ တောင်သူတွေက ထိုးရောင်းနေရတယ်။ တောင်သူတွေကိုပေးတဲ့ ဈေးက မာလကာသီးတစ်လုံးကိုမှ ပျမ်းမျှ တစ်ရာကျပ်၊ တစ်ရာ့တစ်ဆယ်ကျပ်လောက်ပဲ ရတယ်။ သူတို့ဘာသာပြန်ရောင်းတော့ တစ်လုံးကို လေးရာကျပ်၊ ငါးရာကျပ် ပြန်ရောင်းနေကြတာပါ။"

ဟု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှ ကီလိုမာလကာသီးပင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ဦးစည်သူက ပြောသည်။

ပြည်တွင်းရှိ ကီလိုမာလကာသီးဈေးကွက်မှာ အသီးထွက်ရာသီတွင် (နှစ်စဉ်) ဈေးနှုန်းအနည်းငယ်ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်ပိုမိုကျဆင်းနေကြောင်း သိရသည်။

"တောင်သူတွေကလည်း လမ်းစရိတ်ကုန်ကျမှာနဲ့ သွားရေးလာရေးခက်ခဲတာနဲ့ဆိုတော့ ကုန်သည်တွေဆီပဲ ရောင်းလိုက်ရတယ်လေ။ တောင်သူတွေစုပေါင်းပြီး ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ဖို့အတွက် ဆိုင်ခန်းနေရာတစ်ခုခု စီစဉ်ပေးနိုင်မယ်ဆိုရင်တော့ အခုလိုမျိုး ကုန်သည်ပွဲစားတွေရဲဲ့ ဈေးနှိမ်တာတွေကို ခံရတော့မှာ မဟုတ်ဘူးပေါ့။ အခုတော့ ကီလိုမာလကာသီး အလုံးရေ(၁၃၀)ကနေ အလုံးရေ(၁၅၀)ကြားဝင်တဲ့ အိတ်ကြီးတစ်အိတ်ကိုမှ တန်ဖိုးငွေ ၁၆၀၀၀ ကျပ်ပဲ ဈေးရနေပါတယ်။"

ဟု ဦးစည်သူက ဆက်လက်ပြောသည်။

ကီလိုမာလကာသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက ဇွန်လဝန်းကျင်တွင် စတင်စိုက်ပျိုးလေ့ရှိကြသည်။ စိုက်ပျိုးပြီး (၆)လဝန်းကျင်တွင် အသီးစတင်သီးကာ (၁)နှစ်ခွဲဝန်းကျင်တွင် စီးပွားဖြစ် ခူးဆွတ်ရောင်းချနိုင်သည်။

ကီလိုမာလကာသီးပင် စိုက်ပျိုးရာတွင် ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးစရိတ်များ မတူညီနိုင်ဘဲ စုစုပေါင်းစိုက်ပျိုးစရိတ် ပျမ်းမျှအနေဖြင့် တစ်ဧကလျှင် (၅၀၀,၀၀၀) ကျပ်ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်