ဒေသတချို့Lock downဖြေလျှော့ခြင်း၊ ပြည်ပဝယ်လက်ရှိခြင်းတို့ကြောင့် ငရုတ်သီးဈေးမြင့်တက်လာ

30/08/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

မန္တလေးတိုင်းဒေသကြီးရှိ ဒေသတချို့ Lock down (လော့ဒေါင်း) ပြန်ဖြေလျှော့ခြင်း၊ ပြည်ပဝယ်လက်ရှိခြင်းတို့ကြောင့် ငရုတ်သီးဈေးနှုန်းများ အနည်းငယ် ပြန်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

"ငရုတ်သီးဈေး နည်းနည်းတက်လာပြီ။ မန္တလေး Lock down ဖြစ်သွားကတည်းက ဈေးကျတာ။ ရမည်းသင်းဘက်ဆိုလည်း အခုချိန်ထိကို Lock down ဖြစ်နေတုန်းပဲ။ အဲ့ဒါကြောင့် သွားလာလို့မရတာကြောင့်လည်း ပါတာပေါ့။ Lock down ဖြစ်တော့ ဘဏ်တွေပိတ်တယ်။ အခုတော့ Lock down ပြန်ဖြေလျှော့တယ်။ ဘဏ်ပြန်ဖွင့်တယ်လို့ ကြားတယ်။ ဒါ့ကြောင့် ငရုတ်သီးဈေးလည်း နည်းနည်းပြန်တက်လာတာ"

ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီး စီးပွားဖြစ်စိုက်ပျိုးသူ ကိုမြင့်ထွန်းဦးက ပြောသည်။

ငရုတ်သီးအမှည့်အစိုများကို မြဝတီနယ်စပ်ထွက်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

"နောက်တစ်ခု ဈေးတက်ရတဲ့အကြောင်းရင်းက နိုင်ငံခြားကလည်း အော်ဒါရှိလို့ပေါ့။ မြန်မာပြည်က ငရုတ်သီးတွေကတော့ မြဝတီကနေ ထိုင်းကိုဖြတ်ပြီး၊ မလေးကို တင်ပို့နေတာများတယ်။ ကျွန်တော်တို့နယ်ဘက်က အသီးတွေ အခုဈေး တစ်ပိဿာကို ထောင့်ငါးရာကျပ်ရတယ်ဆိုတော့ မဆိုးပါဘူး။ လုပ်သာကိုင်သာ ရှိသွားတာပေါ့။ အရင်ရက်တွေက တစ်ပိဿာကို ထောင့်တစ်ရာကျပ်ကနေ ရှစ်ရာ၊ ကိုးရာလောက်အထိ ကျသွားသေးတယ်။"

ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

လက်ရှိဈေးကွက်တွင် ကူမဲ ငရုတ်သီး/692 ခြင်းသီးစျေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ သာမိုငရုတ်သီးအစိမ်း တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဝန်းကျင်၊ ပီနံ ငရုတ်သီးစိမ်းဈေး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဝန်းကျင် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရှိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်