အင်း၊ ချောင်းထဲက…..ငါးအိုက်ငါး

24/11/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    ငါးအိုက်ငါးမှာ ဆောင်းရာသီတွင်တွေ့ရများတဲ့ ငါးတစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်ရှိ အင်း​ချောင်းများတွင် ယခုလို အချိန်ရာသီတွင် ပေါပေါများများ ရမိနေကြပါပြီ။ ငါးအိုက်ငါးမှာ အရသာချိုပြီး ဆူဖြိုးသောသဘာဝရှိ၏။ မြန်မာ့ဆေးကျမ်းအလိုအရ ငါးအိုက်ငါးမှာ အစာကို ကြေညက်စေသည်။ အိပ်မပျော်သူတွေလည်း စားပေးနိုင်သည်ဟု သိရပါသည်။

    ငါးအိုက်ငါးမှာ အကြေးခွံမပါရှိဘဲ အကျိအချွဲများသော ငါးဖြစ်သောကြောင့် ချက်ပြုတ်ရာတွင် မန်ကျည်းသီးနှင့် အရင်နယ်ပြီး ပွတ်ဆေးပါ။ သို့မှသာ အချွဲတွေစင်ပြီး ညှီနံ့ပျောက်ပါမည်။ ငါးနှုတ်ခမ်းမွှေးမှာလည်း ရှည်လျားကြပြီး ကျောဘက်တွင် ဆူးချွန်ပါရှိသဖြင့် သတိထားပြီး ကိုင်တွယ်ချက်​ပြုတ်သင့်ပါသည်။

    ဒေသခံများမှာ ငါးအိုက်ငါးကို ခရမ်းချဉ်သီး အနှစ်များများနှင့် ဆီပြန်ခြောက်ခြောက်လေး ချက်ကာ နံနံပင်နှင့် ငရုတ်စိမ်းတောင့်အုပ်ပြီး ချက်စားကြပါသည်။

    ထို့ပြင် ငါးအိုက်ငါးကို အရိုးထွင်းပြီး ရေနွေးပွက်ပွက်ဆူထဲကို ငါးအသား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းဓားပြားရိုက်ထည့်၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး နံနံပင်လေး ခပ်ကာ ဟင်းရည်လုပ်သောက်ကြပါသေးသည်။

    စျေးလည်းချိုသလို အရသာလည်းချိုတဲ့ အဆီဆူဆူထူထူ ငါးအိုက်ငါးကို မီးမြှိုက်၍လည်း ချက်စားကြသဖြင့် အရသာတမူထူးခြားလှတဲ့ ငါးအိုက်မီးမြှိုက်ချက်နည်းလေးကို ပြောပြပေးပါမယ်။

ငါးအိုက်မီးမြှိုက်ချက်ဖို့-

ငါးအိုက်(အရွယ်တော်) - ၆ ကောင်

ကြက်သွန်ဖြူ- ၂၀ မွှာ(ဆီသတ်ဖို့နဲ့ ဟင်းအခတ်ထည့်ဖို့)

ကြက်သွန်နီ -၄ ဥ

ငရုတ်သီးအစိမ်းမှုန့် -၂ ဇွန်း

ဆီ- ၁၀ ကျပ်သား

ဆား၊ နနွင်း၊ အရသာမှုန့် - အနည်းငယ်

ကင်းမွန်ငံပြာရည်- အနည်းငယ်

မန်ကျည်းသီး (သို့) သံပုရာသီး နှင့်

နံနံပင် (သို့) ရှမ်းနံနံ တို့ လိုအပ်ပါသည်။ 

ချက်နည်းမှာ -

၁။ ငါးအိုက်ငါးကို အကျိအချွဲတွေစင်အောင် မန်ကျည်းသီး (သို့) သံပုရာသီးဖြင့်နယ်ပြီး သေချာပွတ်ဆေးပါ။

၂။ ရေဆေးပြီးပါက ငါးကို ဓားဖြင့် ၃ ချက်လောက်မွှန်းပြီး မီးသွေးမီးဖိုတွင် ကင်ပါ။

၃။ ငါးအရေခွံ တွန့်လာပြီး အနံ့မွှေးကာ မီးသင်းကွက်လေးတွေပေါ်လာပြီဆို ငါးအိုက်မီးကင် ရပါပြီ။

၄။ မီးကင်ထားသောငါးအိုက်ငါးကို ဆား၊ နနွင်း၊ အရသာမှုန့် ဝင်အောင်နယ်ပြီး နှပ်ထားပါ။

၅။ အားလုံးပြီးစီးပါက မီးဖိုပေါ် ဆီအိုးတင်ပြီး ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးအစိမ်းမှုန့် အရောထောင်းထားတာကို ထည့်ပြီးဆီသတ်ပါ။

၆။ ရွှေဝါရောင်သန်းလာပါက နယ်နှပ်ထားသော ငါးကို ထည့်ပါ။ ကင်းမွန်ငံပြာရည် အနည်းငယ်နှင့် ရေထည့်ပါ။

၇။ ဟင်းရည်ဆူကာ ငါးနူးလာပြီး အရည်တစ်ဝက်လောက်ကျသည်အထိ ပျစ်လာအောင်တည်ပါ။

၈။ အရသာ အနေတော်ဖြစ်လျှင် ထောင်းထားသော ကြက်သွန်ဖြူ ၁၀ မွှာကိုထည့်ပြီး နံနံပင် (သို့) ရှမ်းနံနံလေး အုပ်ပြီးပါက သုံးဆောင်လို့ရပါပြီ။

    ရာသီအေးအေးလေးမှာ အဆီဆူဆူ ငါးအိုက်မီးကင်နံ့မွှေးမွှေး၊ ကြက်သွန်ဖြူရနံ့ သင်းသင်းလေး နှင့် ပူပူနွေးနွေးငါးအိုက်မီးမြှိုက်ချက်က အရသာတမူထူးခြားလှတဲ့ ဟင်းတမည် ဖြစ်လို့နေပါတယ်။

ပင်လယ်ပြာ(ငါးဦးစီး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်