မြန်မာ့ကျွဲကောသီးကို ဝယ်ယူရန် ပြည်ပကမ်းလှမ်းမှုများရှိသော်လည်း လုံလောက်စွာ တင်ပို့နိုင်ခြင်းမရှိ

28/02/2019 14:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ကျွဲကောသီး ဝယ်ယူရန်အတွက် တရုတ်နိုင်ငံအပြင် စင်္ကာပူနိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများမှ ကမ်း လှမ်းမှုရှိသော အရည်အသွေးကောင်းမွန်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်မှု အားနည်းချက်များကြောင်း လုံလောက်စွာ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့မှ သိရသည်။

လက်ရှိတွင် ကျွဲကောစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေသလို မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ မြေနေရာရရှိရန် တောင်းဆိုထားခြင်းမှာ တစ်နှစ်ကျော်ဝန်းကျင်ကြာမြင့်သော်လည်း လက်ရှိအချိန်ထိ မြေရရှိခြင်းမရှိသေးကြောင်း သိရသည်။ 

"အဓိကတော့ တရုတ်ဝယ်လက်ကိုတောင် ကျွန်တော်တို့ မပေးနိုင်သေးဘူး။ အခြားနိုင်ငံတွေကလည်း ကမ်းလှမ်း ပေမဲ့ စံချိန်စံနှုန်းတွေနဲ့ ပတ်သက်ပြီး သူတို့ သတ်မှတ်ထားတာ ကျွန်တော်တို့ဆီမှာ ဘာမှမရှိဘူး။ အနည်းဆုံးတော့ GAP လက်မှတ်မရှိလို့မရဘူး။ အဲ့ဒါကြောင့် certificate မလိုတဲ့ တရုတ်နိုင်ငံတောင် မပေးနိုင်ဘူးဖြစ်နေတယ်။ တရုတ်က ရမယ်ဆိုရင် များများလိုချင်တယ်။ စာချုပ်ချုပ်မယ်ပေါ့။ အနည်းဆုံးတော့ တစ်နေ့ကို ကွန်တိန်နာ ဘယ်နှစ်လုံးပေးနိုင်မလဲ။ တစ်ပတ်ကို ဘယ်နှစ်လုံးပေးနိုင်မလဲ။ တစ်လကို ကွန်တိန်နာ ငါးလုံးလောက် လိုချင်ပေမဲ့  ကျွန်တော်တို့ဆီမှာ အဲ့လောက်မရနိုင်ဘူး"ဟု မြန်မာနိုင်ငံ ကျွဲကောစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။ 

ထို့အပြင် ပြည်တွင်း၌ ကျွဲကောစိုက်ပျိုးထုတ်လုပ်မှုသည် လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်ကထက် ယခုနှစ်တွင် စိုက်ပျိုး ဧကတိုးချဲ့လာသော်လည်း ကျွဲကောစိုက်တောင်သူအချင်းချင်း ချိတ်ဆက်မှုမရှိခြင်းကြောင့် ကျွဲကောစိုက်ဧက မည်မျှတိုးတက်လာသည်ကို စာရင်းအတိအကျ ကောက်ယူနို င်ခြင်းမရှိကြောင်း သိရသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ကျွဲကောစိုက်ဧက ခန့်မှန်းခြေ ဧ က ၅၀၀၀ ဝန်းကျင်ရှိပြီး ပြည်တွင်းတွင် ကျွဲကောသီးမျိုးစိတ်ပေါင်း ၂၀ ကျော်အနက် ပန်းတစ်ကျွဲကောနှင့် ပျားကျွဲကောမျိုးစိတ်သာ ပြည်ပဈေးကွက် အများဆုံးရှိခြင်းကြောင့် အရည်အသွေး ကောင်းမွန်သော သီးနှံများထွက်ရှိလာစေရန် စိုက်ပျိုးရေးနည်းစနစ်နှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်ရရှိရန် သင်တန်းများပေးသော်လည်း တောင် သူများအနေဖြင့် စိတ်ဝင်စားမှုအားနည်းနေသေးကြောင်း သိရသည်။ 

"ကျွန်တော်တို့ဆီမှာ လက်ရှိစိုက်ဧကခြံကများတယ်။ ဒါပေမယ့် အမျိုးအမည်များတော့ စိုက်ထားတဲ့ နှုန်းကလည်း မတူသလို သူတို့လိုချင်တဲ့ အမျိုးအစားက အများကြီးမရနိုင်ဘူး။ အဲ့ဒါအပြင် သူတို့လိုချင်တဲ့ မျိုးစိုက်ခြံတွေက ထွက်သမျှရဲ့ သီးနှံ ၅၀ ရာခိုင်နှုန်းကလည်း export တန်းဝင်မဟုတ်ဘူး။ အပြင်ပန်းက အရည်အသွေးညံ့တယ်။ အထဲကအရသာ ဘယ်လောက်ပဲကောင်းကောင်း အပြင်ပန်းက အရည်အသွေးကောင်းဖို့လည်း လိုသေးတယ်။ စင်္ကာပူကလည်း လိုချင်တယ်။ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကလည်း လိုချင်ကြတယ်။ ဒါပေမဲ့ သူ့နိုင်ငံရဲ့ သက်ဆိုင်ရာ certificate ရှိမှ တင်ပို့ခွင့်ရမှာပါ။" ဟု ဦးမြင့်သိန်းက ပြောသည်။ 

ထို့ကြောင့် တောင်သူများအနေဖြင့် လက်ရှိတွင် Global GAP လက်မှတ်မရှိသေးသော်လည်း Myanmar GAP ရ ရှိထားပါက Export တင်ပို့နိုင်မည့် အရည်အသွေးရှိသော စိုက်ပျိုးရေးခြံများ အများအပြားရှိလာမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ပြည်တွင်းမှ စ်ုက်ပျိုးထုတ်လုပ်ရရှိသော ကျွဲ ကောသီးများကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကိုသာ အ နည်းငယ် တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း၌သာ ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိမြန်မာနိုင်ငံတွင် ကျွဲကောစိုက်ပျိုးရာ၌ အရည်အသွေးကောင်းသော မျိုးစိတ်တစ်ခုတည်းကို သီးသန့်စိုက်ပျိုးနိုင်ခြင်းမရှိဘဲ တောင်သူများအကြိုက် စိုက်ပျိုးခြံအတွင်း သီးနှံမျိုးစိတ် အမျိုးအစားလးမျိုးလောက်ကို ထည့်သွင်းရောနှောစိုက်ပျိုးခြင်းမှာ အဓိကပြဿန ာတစ်ခုဖြစ်ကြောင်း သိရသည်။ 

"Farme အလိုက် သီးသန့်မရွေးထုတ်နိုင်တာက ပြဿနာပါ။ ဥပမာ အန်တီတို့ ပြည်တွင်းက စိုက်တဲ့ ကျွဲကောသီးက အညှာတစ်ခိုင်မှာ သုံးလုံး၊ နှစ်လုံးလောက် အသီးသီးတယ်။ သူတို့က international စံနှုန်းအတိုင်း အညှာတစ်ခုမှာ အသီးတစ်လုံးပဲ သီးတာလိုချင်တယ်။ ဒါပေမဲ့ အန်တီတို့ဆီက တောင်သူတွေက မပယ်နိုင်ကြဘူး။ ပြီးတော့ သူတို့ပေးတဲ့ ငွေကြေးနဲ့ ပြည်တွင်းက ထုတ်လုပ်တာနဲ့ကြတော့ နည်းနည်းလေး တွက်ခြေမကိုက်ဖြစ်နေတယ်။ အရင်ကျွဲကောအစုအဖွဲ့ွဲ့ ဥက္ကဋ္ဌဟောင်းက နှစ်နှစ်လောက် တော့ ပြည်ပစမ်းပို့သေးတယ်။ ဒါပေမယ့် international market သိချင်လို့သာ export လုပ်လိုက်တာ တွက်ချေမကိုက်ဘူး။ ဒါအဲ့ကြောင့် ပြည်တွင်းမှာပဲ လုံလောက်အောင် ဖြန့်ဖြူးလိုက်တယ်" ဟု ကျွဲကောစိုက်တောင်သူ ဒေါ်နန့်ကြူကြူသင်းက ပြောသည်။ 

ဖရဲ၊ သရက်၊ ကျွဲကော အပါအဝင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍမှာ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ပါဝင်ခြင်းကြောင့် ယင်းမဟာဗျူဟာကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ပြည်တွင်းပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်စီမံကိန်း သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ကျွဲကောကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိပြီး ပြည်ပက လိုအပ်လျက်ရှိသည့် ကျွဲကောမျိုးများကိုလည်း စိုက်ပျိုးနိုင်သည့့် ဒေသများသို့ ဖြန့်ဖြူးလျက်ရှိသည်။

အေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်