ထောပတ်ပင်စတင်စိုက်ပျိုးရာတွင် အမြစ်မခေါက်စေရန် သတိပြုစိုက်ပျိုးသင့်

12/10/2020 12:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ထောပတ်ပင်စတင်စိုက်ပျိုးရာတွင် အမြစ်မခေါက်စေရန် သတိပြုစိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ် စိုက်ပျိုးနေသူများထံမှ သိရသည်။

သတိထားသင့်တဲ့အချက်ကတော့ စစိုက်တဲ့အချိန်မှာ အမြစ်မခေါက်အောင် ပျိုးပင်ကို သေချာရွေးချယ်သင့်တယ်။ ပျိုးအိတ်က ရှိသင့်တဲ့အရွယ်အစားထက် ပိုသေးနေရင် အမြစ်ခေါက်တတ်ပါတယ်။ ပျိုးအိတ်အသေးနဲ့ထည့်ပျိုးထားတဲ့ နှစ်ချို့ပျိုးပင်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ပျိုးအိတ်ထဲမှာ ခေါက်မနေပေမယ့်လည်း ကျင်းတူးပြီး စစိုက်တဲ့အခါမှာ အမြစ်အထားအသိုမမှန်ရင်လည်း အမြစ်ခေါက်တတ်ပါတယ်။ ဒါကြောင့် ပျိုးအိတ်ကနေ မြေချစိုက်တဲ့အချိန်မှာလည်း အမြစ်မခေါက်အောင် ဂရုစိုက်ဖို့လိုပါတယ်။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ရတနာပုံရွာမှ ထောပတ်ပင်စီးပွားဖြစ် စိုက်ပျိုးသူ ဦးစိုးကြည်က ပြောသည်။

    ထောပတ်ပင်စိုက်ပျိုးရာတွင် ကိုင်းကူးကိုင်းဆက်ပင်ဖြစ်ပါက စိုက်ပျိုးပြီး (၃) နှစ်တွင် အသီးသီးရန် ပန်းပြပြီးနောက်၊ စိုက်သက်တမ်း (၄) နှစ်မှ (၅) နှစ်အကြာတွင် အသီးများခူးဆွတ်ကာ ဈေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်သည်။

အမြစ်ခေါက်ပြီး စိုက်ပျိုးလည်း အပင်ကတော့ရှင်တယ်။ သို့သော် အပင်က ကြီးထွားမှုအားနည်းမယ်။ အသီးအထွက်နည်းလိမ့်မယ်။ ပုံမှန်ကိုင်းကူးကိုင်းဆက်ပင်ဆိုရင် သုံးနှစ်မှာပန်းပြပေမယ့် စိုက်နည်းစနစ်ကို သေချာနားမလည်လို့ အမြစ်ခေါက်နေမှန်းမသိဘဲ စိုက်ပျိုးမိတဲ့အပင်ဆိုရင်တော့ အသီးသီးချိန်နောက်ကျသွားမယ်။ ထွက်နှုန်းထိခိုက်မယ်။ ဒါ့အပြင် စိုက်ပြီးလို့မြေဩဇာကျွေးတဲ့အခါ သတ်မှတ်တဲ့နှုန်းထား၊ သတ်မှတ်တဲ့အချိန်မှာ ကျွေးသင့်တယ်။ မြေချဉ်ငံကိန်းစစ်ဆေးပြီးမှ နိုက်ထရိုဂျင်လိုလား၊ ပိုတက်စီယမ်လိုလား၊ တီစူပါလိုလား လိုအပ်တဲ့မြေဩဇာကိုသာ ကျွေးသင့်ပါတယ်။ စိုက်ပျိုးဖို့မြေရွေးချယ်ရာမှာ မြေက တအားစေးပြီး ရေဝပ်တဲ့မြေမဖြစ်ရဘူး။ ဒေသရဲ့အပူချိန်နဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်တွေကိုလည်း ကြိုတင်လေ့လာပြီးမှ စိုက်ပျိုးသင့်ပါတယ်။

ဟု ဦးစိုးကြည်က ဆက်လက်ပြောသည်။

    ထောပတ်ပင်ကို ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးသင့်ပြီး၊ တစ်ဧကစိုက်စရိတ် စုစုပေါင်း (မျိုးဖိုး၊ သွင်းအားစု၊ အလုပ်သမားခ အပါအဝင်) တစ်နှစ်စာကုန်ကျစရိတ် သိန်း(၄၀)ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်