• မိုးဦးကျကာလဖြစ်သောကြောင့် ဧပြီ၊ မေနှင့် ဇွန်လများတွင် ဥကပ်နေသော (သို့မဟုတ်) ဥနှင့်ပြည့်၀နေသော ရေချိုပုစွန်ထုပ်ကြီးများသည် မြန်မာနိုင်ငံတစ်၀ှမ်းရှိ မြစ်ချောင်း၊ အင်းအိုင်များတွင် ဥချရန် ပြင်ဆင်လျှက်ရှိပါသည်။ ထိုပုစွန်ထုပ်ကြီးများမှ ထောင်ပေါင်းများစွာသော ပုစွန်များပေါက်ပွားလာနိုင်မည်ဖြစ်ပါသည်။
• အဆိုပါ မျိုးပုစွန်ကြီးများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါက ၎င်းတို့မှ သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးစေရာ ရောက်သဖြင့် ဥကပ်နေသော(သို့မဟုတ်) ဥနှင့်ပြည့်ဝနေသော မျိုးပုစွန်ကြီးများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်၀ယ်ထားရှိခြင်း၊ အရောင်းအ၀ယ်ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြေငြာစာအမှတ်၊ ၁/၉၂ ဖြင့် တားမြစ်ထားပါသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာဥပဒေအရ ဖမ်းဆီးတရားစွဲဆို အပြစ်ပေးနိုင်ရန် ပြဌာန်းထားပါသည်။
• သို့ပါ၍ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့နေစေရန် နှင့် မျိုးပြုန်းတီးမှုမှ ကာကွယ်ရန်၊ တစ်နိုင်ငံလုံး ရေရှည်စားသုံးနိုင်ရန်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်ကူပြုနိုင်ရန်အတွက် ရေချိုပုစွန်ထုပ်ကြီးများကို ဧပြီလမှ ဇွန်ကုန်အထိ ဘေးမဲ့ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more