ပိုက်သားခြင်ထောင်(ဟာပါ)ဖြင့် ငါးသားပေါက်ပြုစုခြင်း

21/08/2019 09:40 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

ဘာကြောင့်ငါးသားပေါက်ပြုစုပါသလဲ?

• ငါးခူ၊ ငါးရံ့စသော ငါးရိုင်းများအန္တရာယ်မှ ငါးသားပေါက်များကင်းဝေးစေရန်

• အသားတိုးမွေးကန်တွင် ရှင်သန်နှုန်းကောင်းမွန်ပြီး ငါးထွက်နှုန်းပိုကောင်းစေရန်

 

ဘာတွေလိုအပ်ပါသလဲ?

• ခိုင်ခန့်သော ပိုက်သားခြင်ထောင် (ဟာပါ) တစ်လုံး၊ ဝါးလုံး (သို့မဟုတ်)သစ်သားတိုင်များနှင့် ချည်နှောင်ရန် ကြိုးများလိုအပ်ပါသည်။ 

• ခြင်ထောင်အတွင်း ဂဏန်းငယ်များဝင်ရောက်ပြီး ကိုက်ဖြတ်နိုင်သဖြင့် ဂဏန်းများကိုရှင်းလင်းပါ။

 

ဟာပါ၏အရွယ်အစားမည်မျှရှိရပါမည်လဲ?

• အရှည် ၆ ပေ၊ အကျယ် ၅ ပေ နှင့် အနက် ၃ ပေမှာ သင့်တော်ပါသည်။ • (၂ - ၃) ပတ်သား ငါးသားပေါက် ၁၀,၀၀၀ ကို အဆိုပါအရွယ်ဟာပါဖြင့် ပြုစုပါ။

 

ကျွန်ုပ်တွင်ငါးအနည်းငယ်သာရှိလျှင် ဘယ်လိုမွေးရမလဲ?

• အရွယ်ငယ်သောဟာပါကို ပြုလုပ်ပါ။

• သို့မဟုတ် ဟာပါအကြီးတွင်လည်း ပြုစုနိုင်ပါသည်။

 

ဟာပါကိုကန်အတွင်း မည်သည့်နေရာတွင်ချထားရပါမည်လဲ?

• မိမိ၏ငါးကန် သို့မဟုတ် ရေစီးနည်းပြီး သန့်ရှင်းသောရေကန်တွင် ဟာပါကိုချထားကြပါသည်။

 

ဟာပါဖြင့် မည်သို့သောငါးအမျိုးအစားများကို ပြုစုနိုင်ပါသလဲ?

• တီလားပီးယား၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးကြင်း

 

ဟာပါဖြင့်ပြုစုသောငါးမှာ မည်သည့်အရွယ်ဖြစ်သင့်ပါသလဲ?

• ငါးသားပေါက်သည် ၂ - ၃ ပတ်သား (၂.၄ စင်တီမီတာ) အရွယ်အစား ရှိသင့်သည်။

• ဟာပါ ပိုက်ကွက်မှ မထွက်နိုင်သောငါးသားပေါက်အရွယ် ဖြစ်ရမည်။

အစာမည်ကဲ့သို့ကျွေးရပါသလဲ?

• အရည်အသွေးကောင်းသည့် ဖွဲနုကို နေ့တိုင်းကျွေးရပါမည်။

• ၅၀ ဂရမ် ရှိသည့် ငါးအစာကို ချိန်ဆရန် ငါးသေတ္တာဗူးခွံကို အသုံးပြုပါ။

• ခြကောင်များ၊ ကန်စွန်းပင်များနှင့် ပလောပီနံရွက်များ စသည့်အခြားသောအစာများကို ၄ ပတ် ပြည့်ပြီးနောက်ပိုင်းတွင် ရောနှောကျွေးပါ။

 ကန်တွင် ရေသြဇာဓာတ်တိုးပွားစေရန်မည်သို့ ပြုလုပ်ရမည်နည်း?

• ရေကို စိမ်းလန်းပြီး ရေမှော်များပေါများရန် သဘာဝမြေသြဇာများထည့်ပါ။

• ရေအရောင်စိမ်းလာသည်အထိ မြေသြဇာကို တစ်ရက်လျှင် လက်ဆွဲပုံး ၁-၂ ပုံး ဟာပါအပြင်မှ ထည့်ပေးပါ။

#မိုးအုံ့သောနေ့တွင် မြေသြဇာမထည့်ပါနှင့်။

ပိုက်သားခြင်ထောင် (ဟာပါ) ကို တစ်ပတ်လျှင် တစ်ကြိမ် သန့်ရှင်းရေးလုပ်ပါ။

 

၈ ပါတ်ပြုစုပြီးသောအခါ (၄.၈-၇.၂) စင်တီမီတာ အရွယ်ငါးများကို အသားတိုးမွေးကန် သို့မဟုတ် စပါး-ငါး လယ်ကွင်းတွင် ထည့်သွင်းနိုင်ပြီဖြစ်သည်။

 

ငါးများကို ပြုစုပြီးသောအခါ ပိုက်သားခြင်ထောင် (ဟာပါ) ကို ပြန်လည်လျှော်ဖွတ် သန့်စင်ရမည်။

 

 

 

 

ပိုက်သားခြင်ထောင် (ဟာပါ) ကို နေပူတွင် လှန်းထားရမည်။

 

 

ဟာပါခြောက်သွေ့ပါက လုံခြုံသောအိတ်တွင်ထည့်၍  ကြွက်မကိုက်စေရန် သိမ်းဆည်းပါ။

 

ယခုဆောင်းပါးအား  INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။ 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်