ကြက်သွန်နီပြည်ပတင်ပို့မှုရပ်တန့်နေ

11/07/2019 17:08 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်သွန်နီပြည်ပတင်ပို့မှုရပ်တန့်နေ

ကြက်သွန်နီပြည်ပတင်ပို့မှုစျေးကွက်မှာ ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။ ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားမရှိတာကြောင့် ကြက်သွန်နီပြည်ပတင်ပို့မှုရပ်တန့်နေတာဖြစ်တယ် လို့ မြန်မာနိုင်ငံကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

“ ကြက်သွန်နီကဒီနှစ်မှာလည်း ပြည်ပတင်ပို့မှုမရှိဘူး။ ဝယ်လိုအားမရှိသလောက်ကိုနည်းတယ်။ အရင်နှစ်ကလည်း ပြည်ပကိုတင်ပို့မှုကသိပ်မရှိဘူး။ အခုလက်ရှိက တရုတ်ကိုလောက်ပဲသွားတယ်” နယ်အစုံမှကြက်သွန်နီကားများမှာတစ်နေ့ကို ကြက်သွန်နီကုန်တင်ကားအစီးရေ(၃၀)ခန့်ဝန်းကျင် ဝင်ရောက်နေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

ယခုလက်ရှိတွင် မြန်မာ့ကြက်သွန်ကို တရုတ်နယ်စပ်မှတစ်ဆင့်တင်ပို့မှုရှိနေတာဖြစ်ကြောင်း လည်း သိရပါတယ်။ ယခုလက်ရှိပြည်တွင်း ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာကို ၈၅၀ ကျပ် ၊ မုံရွာရှယ် တစ်ပိဿာကို ၈၇၅ ကျပ် နဲ့ ပခုက္ကူရှယ်တစ်ပိဿာကို ၈၇၅ ကျပ်ရှိကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်စျေးနှုန်းစာ ရင်းများအရသိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်