ကြက်သွန်နီစိုက်ပျိုးမှု‌ လျော့နည်းလာခြင်းကြောင့် လာမယ့်နှစ် ဈေးတက်နိုင်

26/12/2025 13:07 PM တွင် AMIA AMIA မှ ရေးသား

 

တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်း‌ကြောင့် လာမည့်နှစ် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်နိုင်သည်ဟု ကုန်သည်အချို့ ခန့်မှန်းနေကြသည်။

ယခုနှစ်တွင် ပြည်တွင်းကြက်သွန်နီဈေး ကျဆင်းမှုက စိုက်ပျိုးသူတောင်သူများ၊ သိုလှောင်သူ ကုန်သည်များ ဆုံရှုံးမှုကြီးမားခဲ့သည်။ ထိုကြောင့် ကြက်သွန်စိုက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းတွင် အားထည့်လုပ်ဆောင်ရန် မလွယ်ကူသည့် အခြေအနေမျိုးဖြစ်လာပြီး ထုတ်လုပ်မှုအပိုင်း လျော့နည်းနိုင်သည်ဟု ခန့်မှန်းနေကြသည်။

"အရှုံးများတော့ စိုက်သူနည်းသွားတယ်။ အထွက်နည်းပြီးတော့ စားသုံးသူဈေးကြီးပေးရမယ့် အနေအထားမျိုးဖြစ်လာနိုင်တယ်"ဟု ‌တောင်တွင်းကြီးမှ ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိမိုးကြက်သွန်နီများ ဈေးကွက်၀င်သို့တင်ပို့‌နေသော်လည်း ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ ဈေးက အရည်အသွေးကောင်းသည့်(ထိပ်စ)များ ဈေးအနည်းငယ် မြင့်တက်လာသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးက ဆိတ်ဖြူ(သစ်) ရှယ်တစ်ပိဿာ လျှင် ကျပ်၂,၀၀၀ ၀န်းကျင်မှ ၂,၅၀၀၊ မြင်းခြံ (သစ်) ရှယ် တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ ၀န်းကျင်မှ ၂,၁၀၀ ၀န်းကျင်သို့ဈေးမြင့်တက်သည်။ သို့သော် အခြားကြက်သွန်အမျိုးအစားများက ဈေးသိသာစွာပြောင်းလဲမှုမရှိသေးပေ။

လက်ရှိပြည်တွင်းကြက်သွန်နီဈေးက စိုက်ပျိုးသူတောင်သူများအတွက် ဆွဲဆောင်မှုမရှိသော်လည်း ငွေ ကြေးအရင်းအနှီးတက်နိုင်သူများ၊အခြားသီးနှံစိုက် ပျိုး ရန် ခက်ခဲသူများက ဆက်လက်လုပ်ကိုင်ရမည်အ ခြေအနေမျိုးဖြစ်နေသည်ဟု ကြက်သွန်စိုက်ပျိုးသည့်တောင်သူတစ်ဦးကဆိုသည်။

"ဒီဈေး၀န်းကျင်ပဲဆို တောင်သူကရှုံးမှာပဲ။ စိုက်ပျိုးစရိတ်ကကြီးတော့ လုပ်တဲ့သူလျော့သွားမယ်"ဟု သူ၏အမြင်ကို ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ် ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုး ထုတ်လုပ်သည်။ ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည် တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံ အချို့ကိုလည်းတင်ပို့ ရောင်းချသည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီတင်ပို့နေသာ အာဆီယံအဖွဲ့၀င်နိုင်ငံအချို့တွင် အိန္ဒိယကြက်သွန်နှင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းချရခြင်းကြောင့် မြန်မာ့ကြက်သွန် ပြည်ပရောင်းချသည့် FOB(free on board)ဈေးက ကျဆင်းပြီး လက်ရှိ ကြက်သွန်နီတစ်တန် အမေရိကန်ဒေါ်လာ ၁၃၀/၁၄၀မှ ၃၃၀/၃၄၀ ဖြင့်ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်