တတိယမြောက် မှိုစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ကို စက်တင်ဘာလ (၂၃) ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ သိရပါတယ်။
တတိယမြောက်မှိုအစုအဖွဲ့ကို နေပြည်တော်မှာ ဖွဲ့စည်းသွားတာဖြစ်ပြီး အခြားပြည်နယ်နဲ့တိုင်းများမှာလည်း ထပ်မံဖွဲ့စည်းသွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ ဥက္ကဌ ဦးတင်အောင်က ပြောပါတယ်။
“နေပြည်တော်ကောင်စီမှာ တတိယမြောက်မှိုအစုအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ မှိုစိုက်ပျိုးမှုအားကောင်းတဲ့ နေရာတွေမှာလည်း ထပ်မံဖွဲ့သွားမှာပါ။ သက်ဆိုင်ရာဌာနတွေကလည်း မှိုနည်းပညာတွေလည်းပေးသွားမယ်။ မြို့နယ်အလိုက်စုထားတာလေးတွေရှိတော့ ရှမ်းပြည်နယ်မှာလည်း ဖွဲ့သွားဖို့ရှိတယ်”
ယခုနှစ် အောက်တိုဘာလအတွင်းမှာလည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မှိုအစုအဖွဲ့များ ဖွဲ့သွားဖို့အတွက်လည်း စီစဉ်လုပ်ဆောင်နေတာဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရပါတယ်။
အဆိုပါ မှိုအစုအဖွဲ့ဖွဲ့စည်းမှုကို စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအဖွဲ့မှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more