ကြောင်လျှာသီးတောင့်ဈေးကွက် အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေကြောင်း ကုန်ကြမ်းဝယ်ယူရောင်းချနေသူများက ပြောသည်။
ကြောင်လျှာသီးတောင့် ဝယ်ရတာကလည်း မလွယ်ပါဘူးဗျာ။ ဒီဘက်မှာက အသီးနုက စားဖို့အတွက် ဈေးကွက်ရှိတော့ အသီးနုအတွက်ကို ဈေးတစ်မျိုးနဲ့ ရောင်းနေပါတယ်။ စားလို့မရတော့တဲ့ ကြောင်လျှာသီးအရင့်ကိုပါ အသီးအနုဈေးမျိုး တောင်းလာကြတာပါ။ ကြောင်လျှာသီးအရင့်ကနေ ကြောင်လျှာဆံထုတ်ဖို့ဝယ်တဲ့အခါ အသီးအနုဈေးလောက် တောင်းနေကြတာက ခက်ပါတယ်။
ဟု ပြည်မြို့မှ ကြောင်လျှာသီးဝယ်ယူရောင်းချနေသူ ကိုနိုင်ရဲဇော်က ပြောသည်။
ကြောင်လျှာသီးအနုတောင့် တစ်တောင့်လျှင် (၁၄၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
ကြောင်လျှာသီးထဲကအဆံကို တရုတ်ဘက်က ဝယ်နေတာပါ။ ပရဆေးလိုင်းက ပရဆေး ကုန်ကြမ်းသမားတွေက ဝယ်ကြတာပါ။ နေလှဲ့စေ့၊ သစ်ခွ၊ ငုသီး၊ တပင်တိုင်မြက်၊ တောင်ကြာဥ စတာတွေ ဝယ်တဲ့သူတွေပေါ့။ မနှစ်က ထိုင်းကလည်း ဝယ်ပါတယ်။ အသီးအနုကိုတော့ ရန်ကုန်ပို့တာထင်တယ်။ အသီးအနုကိုတော့ ကုန်စိမ်းသမားတွေ ဝယ်ကြတာပါ။
ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ကြောင်လျှာသီးကို ထမင်းဖြင့် တွဲဖက်စားစရာ အတို့အမြှုပ် စားစရာအဖြစ်လည်းကောင်း၊ ဆေးဝါးဓာတ်စာအဖြစ်လည်းကောင်း စားသုံးလေ့ရှိပြီး၊ စီးပွားဖြစ်စိုက်ခင်းများအနေဖြင့်မူ စိုက်ပျိုးမှုမရှိသလောက် ရှားပါးကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more