လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ၂.၅ သန်းကျော် တင်ပို့ထား

19/03/2026 13:30 PM တွင် AMIA AMIA မှ ရေးသား

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်ကာလဖြစ်သည့် မတ်လကုန်မတိုင်မီ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ပိုမိုမြင့်တက်လာအောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဦးစားပေး လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ်၏ ၁၁ လကျော်ကာလအတွင်း (ဧပြီလမှ မတ်လ ၁၀ ရက်နေ့အထိ) ဆန်နှင့် ဆန်ကွဲ တင်ပို့မှု တန်ချိန် ၂,၅၀၆,၀၅၀ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုအနေဖြင့် တန်ချိန် ၂.၄ သန်းကျော်သာ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ်မှာ နှစ်မကုန်မီကာလမှာပင် ၂.၅ သန်းကျော်အထိ ပိုမိုတင်ပို့ထားနိုင်ခြင်း ဖြစ်သည်။

"အရင်နှစ်က ဒီအချိန်ဆို ခုတင်ပို့ထားတဲ့ ပမာဏ မရှိသေးဘူး။ ဒီနှစ်ကတော့ ၂ သန်းခွဲကျော် တင်ပို့ထားနိုင်တယ်။ အခုက ကျန်တဲ့ကာလကို ပိုတိုးတင်ပို့နိုင်ဖို့ လုပ်နေတာပေါ့" ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုကို တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ကုမ္ပဏီပေါင်း ၅၇ ခုက တရုတ်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

"တရုတ်က ဝယ်လိုအားကောင်းတယ်။ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်ကလည်း အဝယ်ရှိတယ်။ သူတို့က အကောင်းဆုံးပေါ့။ ခုနှစ်က ၃ သန်းတော့ မပြည့်လောက်တော့ဘူး။ တင်ပို့နိုင်တဲ့ ကာလကလည်း ရက်ပိုင်းသာ ကျန်တော့တာဆိုတော့လေ" ဟု ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂,၄၈၇,၃၉၁ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁,၁၂၉ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စာရင်းအရ သိရသည်။

ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၅ သိန်းကျော်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များတွင် ဆန်၊ ဆန်ကွဲတင်ပို့မှုမှာ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ 

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်