သင်္ဘောသီးဈေးကွက် ယခင်နှစ်ကထက် ထက်ဝက်ကျဆင်း

02/09/2020 14:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀ ခုနှစ်၊ သင်္ဘောသီးရာသီချိန်အတွင်း သင်္ဘောသီးဈေးကွက် ယခင်နှစ်ကထက် ထက်ဝက်ကျဆင်းမှုရှိကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။

အရောင်းအဝယ်တော့ ဖြစ်နေသေးတယ်။ ဈေးကတော့ အရင်နှစ်စျေးတွေထက် ထက်ဝက်ကျတယ်။ အမှည့်သီးကျတော့ အချိုပွဲမှာပဲ အသုံးများတယ်လေ။ ဟော်တယ်တွေမဖွင့်ဘူးဆိုတော့ ဈေးကွက်ကျဆင်းတာပေါ့။ သင်္ဘောအစိမ်းသီးဈေးကွက်ကတော့ စာသင်ကျောင်းတွေမဖွင့်တော့ ပိုဆိုးတာ။

ဟု စစ်ကိုင်းတိုင်း၊ ရေဦးမှ သင်္ဘောပင် စီးပွားဖြစ်စိုက်ပျိုးသူ ကိုထက်နိုင်ထွန်း က ပြောသည်။

    သင်္ဘောသီးအရှည် (ရှည်မျောမျောပုံစံ) တစ်လုံးလျှင် (၄၀၀) ကျပ်၊ အဝိုင်းသီး (လုံးဝိုင်းသည့်ပုံစံ သင်္ဘောသီး) 1.5kg အထက် တစ်လုံးလျှင် ၄၀၀ ကျပ်၊ သင်္ဘောသီး ပီနံအိတ်တစ်ပိုင်းလျှင် ၇,၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်။

အရင်နှစ်က တစ်လုံးကို ၈၀၀ ကျပ်၊ ၁၀၀၀ ကျပ်လောက် ဈေးရှိခဲ့တာ။ အခုလို ဈေးကွက်မကောင်းတော့ လာမယ့်သင်္ဘောရာသီမှာ စိုက်ဧကတွေ ထက်ဝက်လျော့ကျမယ်ထင်တယ်။ လာမယ့်ရာသီမှာ တကောင်းဘက်၊ နွားထိုးကြီးဘက်တွေပဲ စိုက်ခင်းရှိတော့မှာ။ ကျန်ဒေသတွေတော့ အနည်းငယ်ပဲ စိုက်ကြမယ်ထင်တယ်။ အခု ဈေးကျတာက ကိုဗစ်ကြောင့်ပါ။

ဟု ကိုထက်နိုင်ထွန်း က ဆက်လက်ပြောသည်။

    Covid-19 မတိုင်ခင် ကာလများက ဧပြီလမှ အောက်တိုဘာလများတွင် သင်္ဘောသီးဈေးကွက် ကောင်းမွန်လေ့ရှိပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် ဒေသတို့မှ ထွက်ရှိသည့် သင်္ဘောသီးများကို ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်