ကိုယ့်လုပ်ငန်းအသစ်အတွက် ဘက်ဂျက်ဘယ်လိုတွက်ကြမလဲ

16/03/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် ဆုံးဖြတ်ချက်တွေ ချရပါတယ်။ အဲ့လို ဆုံးဖြတ်ချက်တွေရဲ့နောက်မှာ ငွေကြေးကုန်ကျစရိတ်တွေက တောက်လျှောက်ကိုပါလာတာပါလေ။ အဲ့လိုဆိုတော့ ကိုယ်ချထားတဲ့ စီမံကိန်း စီမံချက်ထဲက မဟုတ်ပဲနဲ့ တစ်ခုခုပြောင်းလဲသွားတယ်ဆိုရင် ဒီလို Partial Budget ကို ဆွဲရပါတယ်။ 

စစချင်း Partial Budget ဆိုတာဘာလဲ

Partial ဆိုတာက တစ်စိတ်တစ်ပိုင်းကိုပြောတာပါ။ လုပ်ငန်းလုပ်ရင်တော့ လုပ်ငန်းအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ကြိုတင်ခန့်မှန်းရပါတယ်။ ပြီးတော့ နောက်ထပ် ငွေကြေးအစီအမံတွေပါလာရပါတယ်။ 

ကိုယ့်မှာ လယ်(၁၀)ဧက ရှိတယ်ဆိုပါတော့။ (၅)ဧက ကို စပါးစိုက်မယ်။ နောက်ကျန်တဲ့ (၅) ဧကကို ပြောင်းနဲ့ ဟင်းသီးဟင်းရွက်တွေစိုက်မယ်လို့ ရည်ရွယ်ပြီးတော့ အစီစဉ်တွေလည်း ဆွဲထားတယ်၊ ကုန်ကျစရိတ်တွေကိုလည်း တစ်ခါတည်းတွက်ချက်ပြီးသားဆိုရင် Enterprise Budget(လုပ်ငန်းဘတ်ဂျက်) ချပြီးသားလို့ ဆိုနိုင်ပါတယ်။ အကုန်လုံး ကိုလုပ်ပြီးသားပါ။

ကဲ ကိုယ်စပါးစိုက်မဲ့ (၅)ဧက ကနေ (၂)ဧက ကို တစ်ခုခုပြောင်းစိုက်ရတော့မဲ့အခြေအနေဖြစ်လာရင် ကိုယ်ကလည်း အရင်တစ်နှစ်နဲ့ မတူပဲ ခုနှစ်မှာ ပြောင်းလဲမှုလေးတွေလုပ်ချင်တယ်ဆိုရင် ဘယ်လိုတွက်ချက်ရမလဲ ကောင်းသောပြောင်းလဲခြင်းလား။ မကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို တွက်ချက်တဲ့နေရာမှာ ဒီလို Partial Budget က အရေးကြီးပါတယ်။ 

သူနဲ့တွက်ထုတ်လိုက်ရင် တစ်ရွာမကောင်း သူကောင်းမဖြစ်လား ဒါမှ မဟုတ် သေချင်တဲ့ကျား တောပြောင်းလား ဆိုတာကို သိပြီးတော့ လုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ 

ဘာတွေ ပါသလဲဆိုတော့ အဓိက အားဖြင့်တော့ (၄) မျိုးပါပါတယ်။ 

(၁) ထပ်ကုန်လာမဲ့ ကုန်ကျစရိတ်

ဆုံးဖြတ်ချက် တစ်ခုပြောင်းလိုက်တယ်။ အဲ့ကနေ ကုန်မဲ့ကုန်ကျစရိတ်ရှိတယ်။ တိုးချင်တိုးလာမယ် လျော့ချင်လည်း လျော့သွားမယ်ပေ့ါ။ ပြန်နှိုင်းယှဉ်မှာဖြစ်တဲ့အတွက် အကုန်လုံးသာ ထည့်ပါ။ ကိုယ်ပြင်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမဲ့ ကုန်ကျစရိတ်တွေအားလုံးကို ဆိုလိုပါတယ်။ စပါးစိုက်နေရာကနေ ပဲပြောင်းစိုက်မယ်ဆိုရင် ပဲအတွက် လုပ်ရတဲ့ ကုန်ကျစရိတ်တွေပါ။ အဲ့လိုဆိုတော့ ကုန်ကျစရိတ် အားလုံး ပါကို ပါရပါမယ်။

 (၂) ထပ်ရလာမဲ့ ပြန်ရချက်

ပြောင်းလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုက ရလာမဲ့အကျိုးဆက်ကနေ ထွက်လာတဲ့ ပြန်ရချက်တွေဖြစ်ပါတယ်။ ပြောင်းလဲသွားမဲ့ ပြန်ရချက် အသစ်ပါ။ အပေါ်က ဥပမာလိုမျိုးဆိုရင် စပါးကနေ ပဲပြောင်းလိုက်လို့ ထွက်လာတဲ့ ပဲကိုရောင်းရတဲ့ငွေဟာ ကိုယ့်အတွက်ပြန်ရလာတဲ့ ငွေအသစ်ပါ။ ပြန်ရချက်ပါ။ 

 (၃) လျော့သွားမဲ့ ပြန်ရချက် 

ဒီမှာ လျော့သွားတယ် ဆိုတာက အခွင့်အလမ်း နဲ့ တူပါတယ်။ စပါးမစိုက်ရင် ပဲစိုက်မယ်။ စပါးမစိုက်ဖြစ်တော့ဘူးဆိုရင် စပါးစိုက်တာကနေ ရနိုင်တဲ့ ပြန်ရချက် တွေအားလုံးဟာ မရတော့ပါဘူး။ ဆိုလိုတာက မလုပ်ဖြစ်တော့မဲ့ လုပ်ငန်းကနေ ဆုံးသွားတဲ့ ပြန်ရချက်တွေပါ။ မလုပ်ဖြစ်တော့တဲ့အတွက် မခံစားရတော့တဲ့ ပြန်ရချက်တွေပါ။ ဒီတစ်ခုကို အဟောင်းထဲကနေ ဆွဲယူပြီးတော့ ပြန်တွက်လို့ရပါတယ်။ 

 (၄) လျော့သွားမဲ့ ကုန်ကျစရိတ်

မလုပ်ဖြစ်တော့ဘူး အစီအစဉ်က ပြောင်းသွားပြီ ဆိုရင် မလုပ်ဖြစ်တော့တဲ့ လုပ်ငန်းကနေ ကုန်ကျစရိတ်တွေက သက်သာသွားတာပေါ့။ အဲ့လိုဆိုရင်တော့ လျော့သွားတဲ့ ကုန်ကျစရိတ်လို့ ခေါ်ပါတယ်။ ဆိုလိုရင်းကတော့ မလုပ်ဖြစ်တော့တဲ့အတွက် မကုန်ရတော့တဲ့ ကုန်ကျစရိတ်ပါ။ အဟောင်းက ဟာကို ဆွဲယူလိုက်လို့ရပါတယ်။

အဲ့ ကုန်ကျစရိတ် (၄)မျိုးထဲက (၂)မျိုးဟာ အရင်ကတည်းက လုပ်ငန်းတစ်ခုလုံးစာ တွက်ချက်တုန်းက ပါကိုပါဝင်ထားတဲ့ (၂)မျိုးဖြစ်ပြီးတော့ ကျန်တဲ့ ထပ်တိုးကုန်ကျစရိတ်နဲ့ ထပ်တိုးပြန်ရချက် (၂)ခုကသာ အသစ်ပြန်လည်တွက်ချက်ရမှာဖြစ်ပါတယ်။ 

နောက်တစ်ပတ်မှာတော့ ဘယ်လိုတွက်ချက်ရသလဲဆိုတာကို တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ပတ်မှာ Partial Budget ဆိုတာဘာလဲ နဲ့ ဘယ်လို အစိတ်အပိုင်းတွေ ပါဝင်တယ်ဆိုတာကို လေ့လာပြီး ကြိုတင်ပြင်ဆင်ထားကြဦးနော်။ နောက်တစ်ပတ်မှာ တူတူတွက်ကြပါမယ်။ 

ထွန်းဝင်းကျော်

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် )


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်