နို့စားနွားများအတွက် မြက်မျိုးနွယ်ဝင် စားကျက်ပင် (၂)

23/10/2018 09:58 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

 Setariasphacelatavarsplendida cv Splenda “Splenda Setaria”

  • Splenda Setaria (စီတေးရီးယား) မြက်သည် မြေအမျိုးစားမရွေး စိုက်ပျိုးနိုင်သော မြက်အမျိုးအစားဖြစ်သည်။

  • မြေသြဇာကောင်းမွန်သော မြေများတွင် ထုတ်လုပ်မှုမြင့်မားသည်။

  • စိုစွတ်ပြီးရေဝတ်သောဒေသများတွင်စိုက်ပျိုးနိုင်သည်။ အရိပ်ကောင်းသောနေရာများတွင် စိုက်ပျိုးရန် မသင့်တော်ပေ။

  • ခြေက်သွေ့မှုကိုခံနိုင်သော်လည်း ခြောက်သွေ့အချိန်၌ ထွက်နှုန်းကျဆင်းသည်။

  • လွယ်ကူစွာရိတ်သိမ်းနိုင်သည်။ မြက်ခြောက်ပြုလုပ်ခြင်းနှင့် ချဉ်ဖတ်ပြုလုပ် သိမ်းဆည်းနိုင်ပါသည်။

  • စိုက်ပျိုးရာတွင် အခြားမြက်မျိုးများ၊ ပဲမျိုးများ ဥပမာ- စတိုင်လို၊ ပဲပန်းပင် များနှင့် ရောနှော စိုက်ပျိုးနိုင်သည်။ ပင်ပွားစိုက်ပျိုးနိုင်သည်။

Chlorisgayanacv Callide “Rhodes grass”

  • Rhodes grass သည် မြေဆီလွှာမရွေး ပေါက်ရောက်နိုင်သည်။ သို့သော် သဲနုန်းမြေ တွင်ကောင်းစွာ ဖြစ်ထွန်းသည်။ အက်စစ်ဆန်သောမြေများတွင် ပေါက်ရောက်နိုင်သော်လည်း ထွက်နှုန်းမမြင့်မားချေ။ ဆားဆန်သောမြေတွင် စိုက်ပျိုးနိုင်သည်။

  • စိုစွတ်သောဒေသတွင် ဖြစ်ထွန်းမှု နည်းပါးသည်။ မိုးရေချိန် (၇၀၀) မီလီမီ တာ အောက်နှင့် ကြာရှည်ခြောက်သွေ့မှုကို ခံနိုင်စွမ်းရှိသည်။

  • ရေရရှိနိုင်သောဒေသများ၌ စိုက်ပျိုးလျှင် ထွက်နှုန်းကောင်းသည်။ လွှတ် ကျောင်းစားကျက် စိုက်ပျိုးခြင်းအတွက် အထူးကောင်းမွန်ပြီး ပေါင်းမြက် များကို လွှမ်းမိုး နိုင်သည်။ မြေလျှောက် အဆစ်ကျ ပြန့်ပွားနိုင်သည်။

  • အရိပ်ရအပင်များအောက်တွင် စိုက်ပျိုးရန်မသင့်တော်ပေ။ ကျွဲ၊ နွားများလွှတ် ကျောင်းခြင်း၊ ရိတ်သိမ်းသယ်ယူခြင်းများ ပုံမှန်ပြုလုပ်ရန် လိုအပ် သည်။ ရိတ်သိမ်းချိန် နောက်ကျလျှင် အာဟာရတန်ဖိုး ဆုံးရှုံးမှု မြန်သည်

စားကျက်ပင်များတွင် အာဟာရချို့တဲ့သည့် လက္ခဏာများ

Source - မြန်မာ-နယူးဇီလန် ကောင်းမွန်သောနို့စားနွား မွေးမြူရေးစီမံကိန်း

 

 

 

 

 

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်