မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများကိုစတင်တင်ပို့

21/02/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများကို စတင်တင်ပို့နေပြီဖြစ်ကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပ ညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

 အခုလက်ရှိမှာ မြန်မာ့ငရုတ်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့တရုတ်ကို ပြန်လည်စတင်တင်ပို့နေပြီ ဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

အခုကတော့ ပြန်ပြီးတော့ တင်ပို့နေပြီပေါ့။ ထိုင်းလည်းသွားတယ်၊တရုတ်လည်းသွားနေပါတယ်။ လမ်းကြောင်းအခြေအနေလေးပြန်ကောင်းတော့ အဆင်ပြေသလောက် ထိုင်းဘက်ကို တင်ပို့နေရတာပေါ့

 မြန်မာ့ငရုတ်ကို ထိုင်း ၊ တရုတ်အပြင် အခုလကုန်မှာလည်း မလေးရှားနိုင်ငံကို တင်ပို့တော့မှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

 မြန်မာ့ငရုတ်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်တဲ့ကျောက်ဆည်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးစျေးကွက် နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်