“ပိုးသတ်ဆေးများ အလွန်အကျွံပက်ဖြန်းခြင်းကြောင့် ပိုးမွှားများ ဆေးယဉ်ပါးပြီး နှိမ်နင်းရခက်ခဲနိုင်”

07/06/2021 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပိုးသတ်ဆေးများ အလွန်အကျွံပက်ဖြန်းခြင်းကြောင့် ပိုးမွှားများ ဆေးယဉ်ပါးပြီး နှိမ်နင်းရ ပိုမိုခက်ခဲနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

    မေလကုန် ဇွန်လကာလများတွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်နေသည့်အတွက် သီးနှံပင်များပေါ်သို့ သက်ဆိုင်ရာသီးနှံဖျက်ပိုးများ ကျရောက်ဖျက်ဆီးနေပြီး ပိုးသတ်ဆေးဖြန်းပက်ရသည့် အကြိမ်ရေ များလာသော်လည်း ပိုးကျရောက်မှု လျော့နည်းမသွားခြင်း ဖြစ်သည်။

ရာသီဥတုပူပြင်းတဲ့အတွက်ရယ်၊ စိုက်ပျိုးသီးနှံအများစု ရိတ်သိမ်းချိန်ဖြစ်တာရယ်၊ မိုးမရွာသေးတော့ ပေါင်းမြက်တွေ စိမ်းစိမ်းစိုစိုမရှိတာရယ်၊ ရှိတဲ့ပေါင်းမြက်တွေကို ပေါင်းသတ်ဆေးဖြန်းပြီး သတ်ထားကြတာရယ်ကြောင့် ပတ်ဝန်းကျင်မှာ ပိုးမွှားအင်းဆက်များ မှီခိုစားသောက်စရာ အပင်တွ မရှိကြတော့ဘူးလေ။ ဆေးတွေအမျိုးမျိုးဖြန်းလည်း ဆေးဖိုးသာကုန် ပိုးတွေမသေဖြစ်တာကြောင့် စိုက်စရိတ်ကုန်ပြီး တောင်သူတွေ တွက်ခြေမကိုက်ကြတော့ဘူး။ ပိုးတွေမသေကြတာဟာ ပိုးက ဆေးမကြောက်တော့ဘဲ ဆေးဒဏ်ခံနိုင်ရည်ရှိပြီး၊ ဆေးယဥ်ပါးလာတာကြောင့်ဖြစ်ပါတယ်။ ဆေးဖြန်းပြီး ပိုးတွေမသေတာ တွေ့ကြတော့ စိုက်ပျိုးသူအများက ဆေးတွေထဲကများ ပိုးတွေပါလာလေသလားလို့တောင် သံသယဖြစ်လာကြပါတယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ စီးပွားဖြစ် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးနည်းပညာဖြန့်ဝေရေးလုပ်ဆောင်သူ ဦးဝင်းနိုင်က ပြောသည်။

    လှေး၊ ပျ၊ ယင်ဖြူ၊ ပိုးစေးနဲ၊ မွှားပင့်ကူနီ စသည့် အပင်ဖျက်ပိုးများသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်မှုအတွက် စားကျက်ရှာကြရင်း နွေဦးရာသီက စိုက်ပျိုးခဲ့သော စိမ်းစိုနေသည့် သီးနှံစိုက်ခင်းများနှင့် ကွမ်းခြံများ၊ နှစ်ရှည်ပင်ခြံများအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

စိုက်ပျိုးသူအများစုကလည်း ကိုယ့်သီးနှံတွေ ပိုးဖျက်ဆီးပြီး သီးနှံအရည်အသွေး ကျတာ၊ စျေးကောင်းမရတာတွေ ကြုံကြတော့ စျေးကောင်းရပြီး တွက်ခြေကိုက်ဖို့အတွက် ပိုးမွှား အင်းဆက်သတ်တဲ့ ဆေးတွေအမျိုးမျိုး ဖြန်းကြပါတော့တယ်။ ဒါ့ကြောင့်လည်း ပိုးတွေက ပိုးသတ်ဆေးတွေကို မကြောက်ကြတော့ဘူး။ ကျွန်တော့်ဆီကို တောင်သူတွေလာရောက်မေးမြန်းထားတဲ့ ပိုးမွှားရောဂါနဲ့ဆိုင်တဲ့ မေးခွန်းတွေကို စစ်ဆေးကြည့်တော့ စိုက်ပျိုးသူတချို့ဟာ ပိုးလား၊ ရောဂါလားဆိုတာကို  ခွဲခြားမသိကြသေးတာ တွေ့ရတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။

ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။

    ယခုကဲ့သို့ ရာသီဥတုပြင်းထန်သည့်ကာလမျိုးကို ကြုံတွေ့ရသည့်အချိန်တွင် အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိစေရန်အတွက် စိုက်ပျိုးသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်သုံးသပ်ပြီး စိုက်ခင်းထောင့်များ ခြံစည်းရိုးများတွင် ပိုးနှင်စေသည့်အပင်များ ကြိုတင်စိုက်ပျိုးထားရှိခြင်း၊ သဘာဝပိုးနှင်ဆေးများ ပြုလုပ်၍ ရာသီချိန်အလိုက်ကြိုတင်ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း သိရသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်