တရုတ်နိုင်ငံကို ငှက်ပျောတင်ပို့မှု ဗီယက်နမ်က ဖိလစ်ပိုင်ကို ကျော်တက်

11/03/2025 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ဗီယက်နမ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ နှစ် (၂၀) တိုင်တိုင် ထိန်းသိမ်းနိုင်ခဲ့သော တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့မှု ထိပ်ဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်အား ကျော်လွန်ပြီး ရယူနိုင်ခဲ့ပါတယ်လို့ Philstar global သတင်းဝက်ဘ်ဆိုဒ်က အခုလိုပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာကုန်သွယ်မှုစင်တာ (International Trade Center (ITC)) မှ အချက်အလက်များအရ ပြီးခဲ့သော နှစ် ၂၀၂၄ အတွက် ဗီယက်နမ် က ဖိလစ်ပိုင်နိုင်ငံကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ငှက်ပျော မက်ထရစ်တန်ချိန် (၆၂၅,၁၆၆) တန်ကို ဗီယက်နမ်ကနေ ဝယ်ယူခဲ့ပေမဲ့ ဖီလစ်ပိုင်နိုင်ငံဆီကတော့ မက်ထရစ်တန် (၄၆၃,၃၀၆) တန်ပဲ ဝယ်ယူခဲ့တဲ့ မှတ်တမ်းကြောင့်ပါ။ ဖိလစ်ပိုင်နိုင်ငံအတွက်လည်း ၁၅ နှစ်အတွင်းမှာ အနိမ့်ဆုံးပမာဏဖြစ်ပါတယ်။

နှစ်အလိုက် အခြေခံအရဆိုရင် ၂၀၂၃ ခုနှစ်က တင်ပို့ခဲ့တဲ့ ၅၀၅,၆၃၃ မက်ထရစ်တန်ရဲ့  (၂၄) ရာခိုင်နှုန်းအထိကို ဗီယက်နမ်က တိုးပြီးတင်ပို့လာနိုင်တာဖြစ်ပြီးတော့ ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဈေးကွက်ဝင်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကိုလည်း ထင်ဟပ်စေတာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွက်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ မက်ထရစ်တန်ချိန် (၆၈၅,၈၆၉) တင်ပို့မှုကနေ (၃၂.၄၅) ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တာပါ။ 

တစ်နှစ်လုံးအတွက်ဆိုရင် တရုတ်နိုင်ငံရဲ့ နှစ်စဉ် ငှက်ပျောလိုအပ်ချက် (၁.၈) မီလီယံ မက်ထရစ်တန်ဈေးကွက်ကို ဖိလစ်ပိုင်အနေနဲ့ ဗီယက်နမ်နိုင်ငံကို မျှဝေပေးလိုက်ရခြင်းပါ။ 

၂၀၁၇ ခုနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ တင်ပို့နိုင်မှုကနေ ဈေးကွက်တစ်ခုလုံးရဲ့ (၇၀) ရာခိုင်နှုန်းအထိ အမြင့်ဆုံးရှိခဲ့ပြီးတော့ အခုဆိုရင်တော့ ၂၇.၄၇ ရာခိုင်နှုန်းသာ ရှိတော့တာကိုလည်း နိုင်ငံတကာကုန်သွယ်မှု စင်တာ (International Trade Center (ITC)) ရဲ့အချက်အလက်တွေအရ သုံးသပ်နိုင်ပါတယ်။ 

ယခုအချိန်မှာတော့ ဗီယက်နမ်နိုင်ငံဟာ လွန်ခဲ့သော (၁၀)နှစ်အတိုင်းအတာအရ (၁) ရာခိုင်နှုန်းတိုးတက်လာတာကြောင့်မို့ ၃၇.၀၆ ရာခိုင်နှုန်းကို ရရှိနေတာပါ။ 

တရုတ်နိုင်ငံရဲ့ငှက်ပျောဈေးကွက်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ထိပ်တန်းဈေးကွက် (၃)ခုထဲက အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ကာလကတည်းက နှစ်နိုင်ငံကြားရင်းနှီးတဲ့ ဆက်ဆံရေးကိုဖြစ်စေခဲ့တဲ့ ၁၆ ကြိမ်မြောက် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့အုပ်ချုပ်မှု ယန္တရားကိုလည်း ကျေးဇူးတင်ရမှာပါ။ 

သို့သော်ငြား ကိုဗစ်- ၁၉ ကာလ စီးပွားရေးအခြေအနေအရနဲ့ ဒေသတွင်းထုတ်လုပ်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ငှက်ပျောဈေးကွက် ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ဒုတိယအကြီးဆုံးဈေးကွက်အဖြစ်သာ တန်းဆင်းလာခဲ့ပါတယ်။

မကြာသေးတဲ့နှစ်တွေက ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံ အနောက်ဖက် ပင်လယ်ဒေသ ပိုင်ဆိုင်မှု အငြင်းပွားခဲ့တာကလည်း ဖိလစ်ပိုင်နိုင်ငံက ငှက်ပျောစိုက်ပျိုးသူတွေအပေါ် သက်ရောက်မှုတွေရှိလာခဲ့ပြီး တရုတ်နိုင်ငံက စက်မှုလုပ်ငန်းရှင်တွေက ဝယ်ယူမှုဖျက်သိမ်းတာတွေ၊ လျှော့ချတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

ဖိလစ်ပိုင် ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (The Pilipino Banana Growers and Exporters Association (PBGEA) ) က အစောပိုင်းကာလတွေမှာ ဒီလို ပိုင်ဆိုင်မှုအငြင်းပွားတာ၊ ဒေသတွင်းမှာ ပနားမား ရောဂါလို့ခေါ်တဲ့ ဖျူစေရီယမ်ပင်ညိုးရောဂါကျရောက်မှုတွေအတွက် အာရုံစိုက်အားထုတ်ခဲ့ကြပါတယ်။ 

နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ဈေးကွက်မတည်ငြိမ်တာနဲ့ အာရှဈေးကွက်ကို တင်ပို့ရောင်းချတာတွေကို ဖြေရှင်းနိုင်ဖို့ ထုတ်လုပ်သူတွေကို ပိုသေချာတဲ့ အမြတ်အတွက် နှစ်ရှည်စာချုပ်တွေနဲ့ ပြင်ဆင်ထားခဲ့ပါတယ်။

ဖိလစ်ပိုင် ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း (The Pilipino Banana Growers and Exporters Association (PBGEA)) က ဗီယမ်နမ်နိုင်ငံရဲ့ ငှက်ပျောထုတ်လုပ်မှုက ရုတ်ချည်းတိုးတက်လာတာဟာ စိုက်ပျိုးဖို့ ဧရိယာကျယ်ပြန့်တာနဲ့  ရင်းနှီးမြုပ်နှံမှုတွေ အများအပြားပြုလုပ်နေတဲ့ ကမ္ဘောဒီယားနိုင်ငံက ထောက်ပံ့မှုတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ကံမကောင်းစွာနဲ့ ဖိလစ်ပိုင်ဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကို မျှပေးလိုက်ရတဲ့အပြင်ကို ဖိလစ်ပိုင်ထုတ်လုပ်သူတွေအတွက် အလားအလာရှိနေတဲ့ တောင်ကိုရီးယားဈေးကွက်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ 

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် ဈေးကွက်တွေမှာလည်း ဖိလစ်ပိုင်ဟာ လက်တင်အမေရိကနဲ့ အာရှက ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်နေရပါသေးတယ်။ 

လွန်ခဲ့တဲ့နှစ်မှာ ဖိလစ်ပိုင်ဟာ ကမ္ဘာငှက်ပျောတင်ပို့သူများ အဆင့်သတ်မှတ်ချက်မှာ နံပါတ် (၄) နေရာကို ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့  The United Nations’ Food and Agriculture Organization (FAO) က ထောက်ပြထားပါသေးတယ်။

၂၀၂၃ ခုနှစ်မှာ FAO ကထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက် တတိယနေရာကနေ အဆင့်တစ်ခု အောက်ကိုဆင်းသွားတာဖြစ်ပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူတွေဟာဆိုရင် ငှက်ပျောတင်ပို့မှုကဏ္ဍကို ပြန်ပြီး နိုးထလာဖို့နဲ့ နိုင်ငံကနေ လျော့ရဲလာတဲ့ ဈေးကွက်ဝေစုကိုခိုင်မာစေဖို့ အစီအစဉ်တွေပြုလုပ်နေတာကိုလည်း The Star က အစောပိုင်းက ဖော်ပြခဲ့ပါသေးတယ်။  

Referece

https://www.philstar.com/business/2025/03/04/2425633/philippines-loses-china-market-bananas-vietnam?fbclid=IwY2xjawI3TVtleHRuA2FlbQIxMAABHRjf_he4j31F8WSFEVKbXQfB-CLJoWgmAYXDyMTSNqknH6Mqt0m8zJ0r_Q_aem_r7wIOS4M5BsmeuuQiQRF4Q

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်