သတင်းအမှားတွင်သုံးလေ့ရှိသော ဓာတ်ပုံများ

02/08/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ သတင်းအမှားတွေမှာ သုံးလေ့ရှိတဲ့ ဓာတ်ပုံတွေကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် ဗဟုသုတ အနေနဲ့မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

သတင်းအချက်အလက်တွေမှာ ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံဟာ သက်ရောက်မှု အားကြီးပါတယ်။ လူတွေရဲ့ သဘာဝအရ ဖတ်ရရုံ၊ သိရရုံထက် မြင်ရတာကို ပိုပြီး ယုံကြည်တတ်တာကြောင့် ဓာတ်ပုံတွေဟာ အရေးပါလှပါတယ်။ သတင်းအမှားတွေမှာ သုံးလေ့ရှိတဲ့ ဓာတ်ပုံတွေဟာ ဘယ်လိုပုံစံမျိုးရှိလည်းဆိုတာ လေ့လာကြည့်ရအောင်လား ခင်ဗျ။

၁။ သတင်းနဲ့ ဓာတ်ပုံ ကိုက်ညီမှု မရှိခြင်း

သတင်းအမှားတွေမှာ စာဖတ်သူတွေ ယုံကြည်စေဖို့ ဓာတ်ပုံတွေထည့်လေ့ရှိပြီး သေချာကြည့်ပါက သတင်းနဲ့ ကိုက်ညီမှု မရှိသလို အခြားသတင်းမှ ပုံအဟောင်းတွေနဲ့ အခြားနိုင်ငံ၏ အဖြစ်အပျက်မှ ပုံများကို ထည့်ထားလေ့ရှိပါတယ်။

အချို့သတင်းတွေမှာတော့ ပုံအစစ်သုံးထားသော်လည်း သတင်းမှားနေတာမျိုးတွေလည်း ရှိပါတယ်။

၂။ ဓါတ်ပုံများကို ပြုပြင်ထားခြင်း

အချို့သတင်းတွေမှာ ပုံနှင့် သတင်း ကိုက်ညီအောင် ပုံများကို နည်းပညာသုံးကာ ပြုပြင်ပြောင်းလဲထားတာမျိုးလည်းရှိပါတယ်။ ဖိုတိုရှေ့ာဆော့ဝဲများ အသုံးပြုပြီး သတင်းပုံအမှန်များမှ လိုချင်သလောက်သာ ဖြတ်တောက်ဖော်ပြခြင်းနဲ့ ပုံများပေါ်မှာ လိုအပ်တဲ့ လူများ၊ ပုံများကို ထပ်မံဖြည့်စွက်ဖန်တီးခြင်း တို့ကိုလည်း ပြုလုပ်ကြပါတယ်။

၃။ သတင်းအမှား၊ ပုံအတုမှန်း မသိသာစေရန် သတင်းများကို ဓါတ်ပုံများအသွင်ဖြင့် တင်ထားခြင်း

တချို့သော လူမှုကွန်ယက်မီဒီယာတွေမှာ သတင်းပြန်လည်ဝေမျှသူတွေဟာ အခြားသူများက ဝေမျှထားသည်ကို Screenshot (စခရင်ရှော့) ယူထားပြီး ပြန်လည်မျှဝေသည့် ပုံများကို တွေ့ရတတ်ပါတယ်။ ထိုသို့ ပြုလုပ်သည့် ပုံစံများကို လူအများ ဆန်းစစ်ခြင်းမရှိဘဲ အမြန်ပြန်လည် မျှဝေစေရန် အရေးပေါ်သတင်းများ ပုံစံဖြင့် ဖော်ပြထားလေ့ရှိပါတယ်။ 

ဒါ့ကြောင့် သတင်းတွေနဲ့အတူတွဲပြီး ပါလာတတ်တဲ့ ဓာတ်ပုံတွေကို သေသေချာချာ ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ အကြံပြုလိုက်ရပါတယ်။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ကျားနဲ့ မကြား ဒစ်ဂျစ်တယ် နည်းပညာကွာဟမှု

Mido Myanmar Website မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Source- https://curriculum.realornotmm.info/mil-curriculum-book/3/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ဖြုတ်လား..ဗိုက်တာဂရိုကြောင့် ပြုတ်ကုန်ပြီ ဦးကြီးတို့စပါးခင်းမှာ ဖြုတ်ပိုးတွေ အဟုတ်ဆိုးနေလား စပါးဖြုတ်ဆို #ဗိုက်တာဂရိုနဲ့မှ စိတ်ချရတာဗျို့ အခုလိုပူနွေးစိုစွတ်ပြီး စိုထိုင်းဆများတဲ့အခြေအနေမှာ ဖြုတ်ပိုးတွေ ပိုမိုကျရောက်တတ်ပါတယ်။ စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါ‌ကြောင့် ဦးကြီးတို့ရေ. ဖြုတ်ပိုးကို နိုင်နင်းအောင် ထိန်းချုပ်မှကိုရမယ်ဗျို့ ဒါဆို ဖြုတ်ကို ဘာနဲ့ အပြုတ်ဖြုတ်ကြမလဲ ဖန်းလင့်ရဲ့ #ဗိုက်တာဂရိုနဲ့ဆို အဟုတ်ဆိုးနေတဲ့ ဖြုတ်ပိုးတွေ မျိုးပြုတ်ပြီသာမှတ် ဗိုက်တာဂရိုကို အစွမ်းရှိပစ္စည်း Fenobucarb(BPMC) 50%နဲ့ အထူးထုတ်လုပ်ထားပါတယ်။ ကာဘာမိတ်အုပ်စုဝင်ဖြစ်ပြီး စပါးတွင် ကျရောက်သော ဖြုတ်ညို ၊ဖြုတ်စိမ်း၊ ဖြုတ်ကျောဖြူစတဲ့ ဖြုတ်ပိုးအမျိုးမျိုးတို့ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်တဲ့ ပိုးသတ်ဆေးဖြစ်ပါတယ်။ အစွမ်းရှိပစ္စည်း Fenobucarbသည် ဖြုတ်ပိုးများ၏ မျိုးဥကို တိုက်ရိုက်ကန်းစေတာမျိုးမဟုတ်ဘဲ မျိုးပွားစနစ်ကိုထိခိုက်စေတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြုတ်ကောင်လေးများ၏ ကြီးထွားမှုအဆင့်တိုင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဗိုက်တာဂရိုကို ဘာကြောင့်သုံးသင့်တာလဲ? 👉 စပါးပင်ကို ဖျက်ဆီးတဲ့ ဖြုတ်ပိုးများကို လျင်မြန်စွာသေ စေသောကြောင့် သီးနှံပျက်စီးမှုကို အချိန်မီကာကွယ်ပေးနိုင်ပါတယ်။ 👉စပါးပင်ကို ထိခိုက်မှုမရှိဘဲ ဖြုတ်ပိုးများကို ထိရောက်စွာကာကွယ်ပေးပါတယ်။ 👉ဖြုတ်ပိုးများကို အထူးထိရောက်စွာ နှိမ်နင်းနိုင်တဲ့အတွက် ကျန်းမာသန်စွမ်းတဲ့စပါးပင်များကိုရရှိကာ အထွက်တိုး ဝင်ငွေတိုးစေပါတယ်။ သမားရိုးကျမဟုတ်ဘဲ ဆိုးဆိုးဝါးဝါးဖြုတ်ကျနေရင် #ဗိုက်တာဂရို ၅၀ စီစီနှင့် #စက်ကင်းရှယ် ၁၀ ဂရမ် ရောစပ် ပက်ဖျန်းပါ။ ဖြုတ်လား.....ဗိုက်တာဂရိုကြောင့် ပြုတ်ကုန်ပြီတဲ့
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်