ဝက်ကလေးများ မွေးဖွားချိန်သတိထားရမယ့်အချက်များ

25/03/2022 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ဝက်မကြီးမွေးဖွားခါနီးလာရင် (၃၊ ၄) ရက်အလိုက စပြီး ပြင်ပမျိုးပွားအင်္ဂါက ရောင်ရမ်းလာပါတယ်။ ဝက်မလေးစချတာနဲ့ နို့အုံလည်းရောင်ရမ်းလာပြီး နို့အုံရောင်ရမ်းလာပြီး နို့ဦးရည်လည်း ထွက်လာပါတယ်။

ဝက်တွေက နံနက်ပိုင်းမှာ မွေးလေ့မရှိပဲ နေ့ခင်း၊ ညနေ နဲ့ ညပိုင်းမှာ အများဆုံးမွေးလေ့ရှိပါတယ်။ ဝက်မကြီးတွေက လဲလျောင်းလျက် ဘေးတိုက်မွေးလေ့ရှိပြီး မွေးဖွားချိန်မှာ အံကြိတ်သံတွေနဲ့အတူ အသက်ရှုနှုန်းပါ မြင့်တက်လာပါတယ်။ တစ်ကောင်ချင်းစီမမွေးဖွားမီ အသက်မရှုပဲ တဆက်ဆက်တုန်ပြီး ညှစ်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် မွေးဖွားပြီးတိုင်း ၁၅မိနစ်ခန့် ရေမွှာပေါက်ကာ အရည်တွေဆင်းလာပြီးတော့ ကလေးမွေးချိန် စုစုပေါင်း ၂ နာရီကနေ ၈နာရီထိကြာနိုင်ပါတယ်။ ဝက်ငယ်နို့မစို့ခင်အထိ ဝက်မကြီးက ဝက်ကလေးကို အာရုံထားလေ့မရှိပေ။ မွေးဖွားနေစဉ်မှာ ဝက်မကြီးက ဘက်ပြောင်းမှုတွေပြုလုပ်နိုင်သဖြင့် ဝက်ငယ်နို့သီးလိုက်ရှာနေချိန်နဲ့ တိုးပါက ဖိမိ၍သေဆုံးတတ်ပါတယ်။ ဝက်ငယ်များသေဆုံးမှုကို နည်းစေရန်အတွက် ဝက်မကြီးမွေးဖွားနေစဉ် ဘေးတိုက်လှုပ်ရှားမှုကို ထိန်းချုပ်ထားရပါမယ်။ 

 

ဝက်အချင်းက ၃ ကီလိုဂရမ်ကနေ ၄ ကီလိုဂရမ်အထိရှိပြီး အချင်းကျမှန်းမသိပါက ဝက်မကြီးမှ စားပစ်တတ်ပါတယ်။ သန္ဓေသားကို ဝန်းရံထားတဲ့ အရည်တွေက ၁.၅ ကီလိုဂရမ်ခန့်ရှိပြီး မွေးစဝက်ငယ်တွေက လမ်းလျှောက်ရန် အခက်အခဲရှိသော်လည်း နိုးထလှုပ်ရှားနေပါတယ်။ ဝက်ငယ်လေးတွေက နို့စို့ရန်နဲ့ နွေးထွေးမှုရရှိရန် မိခင်ထံကို ချည်းကပ်ကြပါတယ်။ အပူပိုင်းဒေသမှ ဖြစ်ရင်တောင်မှ ဝက်ငယ်တဝိုက်ကို အပူပိုင်းကိရိယာ ထားရပါမယ်။ အလင်းရောင်နဲ့ အပူချိန်က ဝက်ငယ်တွေကို စွဲဆောင်စေပြီး ညခင်းပိုင်းတွင် မွေးပါက ဝက်ငယ်တွေကို သေဆုံးမှုနည်းစေပါတယ်။ ရိုးရှင်းစွာ မီးအိမ်တွေကို အသုံးပြုနိုင်ပါတယ်။ လျှပ်စစ်မီးမရရှိပါက ဓာတ်ဆီ၊ ရေနံဆီ တို့ကို သုံးပြီးတော့ အပူပေးနိုင်ပါတယ်။ 

 

ဝက်ငယ်တွေမွေးဖွားရာမှာ ချက်ကြိုးတွေကပ်လျက်ပါလာပြီး မွေးဖွားပြီး မိနစ်အနည်းငယ်အတွင်းမှာ ချက်ကြိုးများ ခြောက်သွေ့ပြီးတော့ လှည့်ပတ်သွားလာနိုင်ပါတယ်။ ချွင်းချက်ကိစ္စရပ်များမှ လွဲ၍ ချက်ကြိုးဖြတ်ရန် မလိုပါ။

 

 

ဝက်ငယ်များမွေးဖွားရာ ပတ်ဝန်းကျင်က သန့်ရှင်းမှုရှိရင် ရောဂါဖြစ်ပွားမှုနည်းပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိပါက ဝက်မကြီးမှာ ဖျားနာခြင်း၊ အစာမစားခြင်း နှင့် ဝက်ငယ်တွေကို နို့မတိုက်ခြင်း တို့ကိုပါဖြစ်လာနိုင်ပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရပါက တိ/ကု ဆရာဝန်ရဲ့ အကူအညီကို ရယူဖို့လိုအပ်ပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်