လျှော်ဖြူအများပိုင်ကုမ္ပဏီ တည်ထောင်ရန် စီစဉ်လုပ်ဆောင်သွားမည်

03/07/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့လျှော်ဖြူနဲ့ပတ်သက်၍ အများပိုင်ကုမ္ပဏီတည်ထောင်ရန် ဆွေးနွေးခဲ့ပြီး စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ သိရပါတယ်။

လျှော်ဖြူဈေးကွက်ရရှိရေးနဲ့ လျှော်ဖြူစိုက်တောင်သူများအတွက် ရည်ရွယ်ကာ အများပိုင်ကုမ္ပဏီကို တည်ထောင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက်ကပြောပါတယ်။

“ အဓိကက လျှော်ဖြူဈေးကွက်ကိုထိန်းချုပ်နိုင်ဖို့ အသင်းသားတွေကလည်း ထောက်ခံရင်တည်ထောင်ဖို့အတွက် စီစဉ်လုပ်ဆောင်သွားမှာပါ။ အသင်းဝင်တဲ့အသင်းသားတွေကနေအစုရှယ်ယာထည့် အဲလိုပုံစံမျိုးနဲ့သွားမှာပါ။ ဈေးကစားတာတွေမရှိစေဖို့နဲ့ တောင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ”

အသင်းသားများရဲ့သဘောဆန္ဒအတိုင်း လျှော်ဖြူအများပိုင်ကုမ္ပဏီကို အခုနှစ်အတွင်း တည်ထောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။ 

လျှော်ဖြူပင်ကို  မန္တလေးတိုင်းဒေသကြီ ၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်