အပင်ကြီးထွားမှုအဆင့်အလိုက် ရေလိုအပ်ချက်

22/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သီးနှံပင်ကိုလိုက်၍ အပင်ကြီးထွားမှုအဆင့်ဆင့်ပေါ်တွင် ရေလိုအပ်ချက် မတူညီကြပါ။

သီးနှံပင် သက်တမ်းတစ်လျှောက်တွင်

  • အပင်ကြီးထွားမှုအဆင့်(Vegetative stage)
  • သီးပွင့်မှုအဆင့် (Reproductive stage)၊
  • ရင့်မှည့်မှုအဆင့်(Ripening stage) ဟူ၍ရှိရာ

သီးနှံပင်အများစုအတွက် ရေအများဆုံးလိုအပ်သောအချိန်မှာ သီးပွင့်မှုအဆင့်ဖြစ်ပါသည်။

သီးနှံပင်များ၏ ရေလိုအပ်ချက်သည် ၎င်းသီးနှံပင်၏ ရေသုံးစွဲမှုနှင့် ပင်ရည်ပျံခြင်းပေါ်တွင် မူတည်ပါသည်။ သီးနှံပင်များ၏ ရေသုံးစွဲမှု တွက်ချက်ရာတွင် အောက်ပါ အချက်များကိုသတိပြုရန်လိုအပ်ပါသည်။

  • (က) မြေပြင်မှ ရေငွေ့ပျံနှုန်း
  • (ခ) စိုထိုင်းဆ
  • (ဂ) အပူချိန်
  • (ဃ) သီးနှံစိုက်ပျိုးချိန်
  • (င) သီးနှံစိုက်ပျိုးမှုပုံစံ
  • (စ) မိုးရွာသွန်းမှု
  • (ဆ) သွင်းရေ ထည့်သွင်းအသုံးပြုခြင်း
  • (ဇ) မြေအမျိုးအစားနှင့် မြေမျက်နှာသွင်ပြင် အနေအထား
  • (စျ) အရွက်၏သဘာဝ
  • (ည)နေ့တာအတိုအရှည်
  • (ဋ) အပူရှိန်ပြင်းထန်မှု
  • (ဌ) သီးနှံသက်တမ်း
  • (ဍ) သီးနှံကြီးထွားသည့်အဆင့်
  • (ဎ) အရွက်အရေအတွက်
  • (ဏ) လေတိုက်နှုန်းနှင့်
  • (တ)  မြေအောက်ရေအနိမ့်အမြင့်

စိုက်ပျိုးသီးနှံပင်များ ရှင်သန်ကြီးထွားရန် သဘာဝမိုးရေဖြင့် မလုံလောက်ပါက ရေသွင်း၍ စိုက်ပျိုးနိုင်ပါသည်။ သီးနှံများ၏ ရေစုပ်ယူနိုင်မှုမှာ သီးနှံ၏အမြစ်စဉ်အင်အားနှင့်ဖွံ့ဖြိုးမှု၊ မြေဆီလွှာအမျိုးအစားနှင့် အတိမ်အနက်ပေါ်မူတည်သည်။ အပင်တို့၏ ရေစုပ်ယူနိုင်စွမ်း ကွာခြားပုံကို အောက်ပါပုံဖြင့် လေ့လာနိုင်ပါသည်။ 

မြေဆီလွှာရေအစိုဓာတ်အခြေအနေအမျိုးမျိုး၌ အပင်မြစ်များ ကြီးထွားမှု မတူညီပုံ 

crd#ရေဆင်းစိုက်ပျိုးရေးတက္ကိသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်