Plastic bottle (ရေဘူး) အသုံးပြု ရေအစက်ချစနစ် ပြုလုပ်ခြင်း အပိုင်း (၃)

15/12/2017 10:40 AM တွင် ayethandasoe ayethandasoe မှ ရေးသား

ရေကို လိုအပ်သလိုထိန်းချုပ် အစက်ချရေပေးစနစ်ပြုလုပ်ခြင်း(Making an adjustable Irrigator)

အဆင့် ၁။ ရေဘူးဘေးတွင် ရေပိုက်ဆက်တစ်ခု ထည့်ဝင်နိုင်သည့်အပေါက်တစ်ခုကို သံ သို့ ဖောက်တံ အသုံးပြု၍ ပြုလုပ်ပါ။

- ဘူး၏အောက်ခြေမှ ၂-၃ လက်မ(5.08-7.62 cm) အမြင့်တွင် အပေါက်ရှိနေရပါမည်။

- အပေါက်ပြုလုပ်ရာတွင် သံကိုအသုံးပြုပြီမည်ဆိုပါက သံကို အပူပေးပြီးမှ အပေါက်ပြီးလုပ်ပြီး ဘရိတ်ဓါး အသုံးပြု၍ အပေါက်ကိုချဲ့ပါ။

အဆင့် ၂။ ၂-၃ လက်မ (5.08 - 7.62 cm) အရှည်ရှိသည့် ပိုက်များဖြတ်ပိုင်းပါ။ ပိုက်၏ တစ်ဖက်ထိပ်သည် ဘူး၏ အပေါက်နားရှိ ပိုက်ဆက်ထိပ်နှင့် ထိဆက်ထားရမည်။

အဆင့် ၃။ ပိုက်ဆက်သောနေရာတွင် အံဝင်ဂွင်ကျဖြစ်မည့် ရာဘာဝါရှာအား တပ်ဆင်ပါ။ ဘူးတွင် ဖောက်ထားသော အပေါက်နှင့် ရာဘာဝါရှာအံဝင်ဂွင်ကျဖြစ်နေရန် သတိပြုပါ။

အဆင့် ၄။ ရာဘာဝါရှာ နှင့် ပိုက်ကို ဖောက်ထားသောဘူးပေါ်ရှိ အပေါက်မှတဆင့် ဘူးအတွင်း ၁ လက်မ (2.54 cm) အရှည်ထိ ဝင်ရောက်အောင် ထိုးထည့်ပါ။ ကျန်ပိုက်အရှည် ကို ဘူးရဲ့အပြင်မှာ ချထားပါ။

အဆင့် ၅။ ပိုက်ဆက်ကော်များကို ရာဘာဝါရှာပြားနှင့် ထိဆက်ပြီး ပိုက်နှင့်ရေဘူးအကြား ရေများစိမ့်ထွက်ကျခြင်း မရှိအောင် သုတ်လိမ်းပါ။ ဝါရှာနှင့် ထိစပ်နေသောနေရာ များတွင် တသားတည်း စေးကပ်နေရမည်။

အဆင့် ၆။ ဘူးအပြင်တွင်ချထားသော ပိုက်၏အခြားတဖက်ထိပ်ကို နှစ်ဖက်ပွင့်၊ တစ်ဖက်တွင် ချွန်နေပြီး တစ်ဘက်တွင် မချွန်သော၊ ထိပ်တွင်အဖွင့်အပိတ်ပါသော ပိုက်ဆက်ဖြင့် ဆက်ပါ။ ဆက်သောအခါ မချွန်သော ပိုက်ဆက်ထိပ်နှင့် ဘူးအပြင်သို့ချထား သော ပိုက်ဆက်ထိပ်တို့ ဆက်ရမည်ဖြစ်သည်။

အဆင့် ၇။ ဘူးရဲ့ထိပ်ပိုင်းကို ရေဖြည့်ရန် လွယ်ကူစေရန်အတွက် လိုအပ်ပါက ဖြတ်ပါ။ အားလုံးဖြတ်ခြင်းမပြုဘဲ ဘူးရဲ့တစ်ဝက်ခန့်သာ ဖြတ်ခြင်းဖြင့် ဘူးတစ်ဝက်မှာ ပိတ် နေမည်ဖြစ်သည်။

အဆင့် ၈။ ဖောက်စက်အသုံးပြုပြီး ဘူး၏ အထက်နှင့် အောက် ဖြတ်ထားတဲ့နေရာအနားတဝိုက် အပေါက် ၃-၄ ပေါက်ကို ပြုလုပ်ပါ။ အထက်အနား နှင့် အောက်အနားတို့ တို့တွင် ပြုလုပ်သော အပေါက်များ တတန်းတည်းရှိနေရန် သတိပြုပါ။ ဘူး၏ အထက်အောက် အပေါက်များသည် ၃ ပေါက်ဆိုလျှင် တြိဂံပုံရှိမည်ဖြစ်ပြီး ၄ ပေါက်ဆိုလျှင် စတုရန်းပုံစံရှိမည်ဖြစ်သည်။

အဆင့် ၉။ ဝါယာကြိုး သို့ နန်းကြိုးများကို သင့်တော်သောအရှည် ၃- ၄ ပိုင်း ဖြတ်ပါ။ ဘူး ရဲ့အထက်အောက် အပေါက်များကို ဆက်၍ချည်ပါ။ ( တကယ်လို့ရေဘူးကို ထောင်ပြီးထားမယ်ဆိုရင် ဒီအဆင့်ကို မလုပ်ပါနဲ့)

အဆင့် ၁၀။ ရေသွင်းမယ့်ရေဘူးကို အပင်ရဲ့အမြင့်တွင် ချိတ်ဖြင့်ချိတ်ဆွဲပါ။ ရေပိုက်ဆက်ရှိ အဖွင့်အပိတ်ခေါင်းကို ရေထည့်စဉ် ရေမယိုကျစေရန် သေချာပိတ်ထား၍ ဘူးထဲသို့ရေဖြည့်ပါ။ -- ရေသွင်းမယ့်ရေဘူးကို စားပွဲပေါ် (သို့) နံရံပေါ်မှာ ထားနိုင်ပါသည်။

အဆင့် ၁၁။ ရေက အပင်ကို မရောက်ဘူး ရေလာတဲ့ ပိုက်ထဲရေလမ်းကြောင်းမှာ တခုခုပိတ်နေရင် ဖြတ်ပြီး ပိုက်ဆက်ခေါင်းအသစ်ကို လဲတပ်ရပါမည်။ ပိုက်၏ တစ်ဖက်မှာ ရေထွက်ပေါက်ဘူးရှိ ပိုက်ဆက်နှင့် အံဝင်ဂွင်ကျ ဆက်နေရမှာဖြစ်ပြီး ပိုက်တဖက်မှာ တဖက်ချွန်နေသောပိုက်ဆက်ဖြင့် ချိတ်ဆက်ကာ ချွန်နေသော ရေ ထွက်ပေါက် သည် အပင်ဘေးရှိ အပေါ်ယံမြေမျက်နှာပြင်အထက်တွင် ချထားရမည်။

- ပိုက်ခေါင်းကို များများလျော့လှည့်ပေးပါက ရေမြန်မြန်ကျမည်ဖြစ်သည်။

- ပိုက်ခေါင်းကို တင်းကျပ်ထားပါက ရေအကျနှေးမည်ဖြစ်သည်။

 

Aye Thandar Soe

Source - https://www.wikihow.com/Make-a-Drip-Irrigator-from-a-Plastic-Bottle  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်