ကော်ဖီအလုပ်ရုံဆွေးနွေးပွဲနှင့် ကော်ဖီအရည်အသွေးပြိုင်ပွဲဆုပေးပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။
အရည်အသွေးကောင်းကော်ဖီများထွက်ရှိလာစေရေးအတွက်ရည်ရွယ်ကာ ပြုလုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းမှ အတွင်းရေးမှူး ဦးမင်းလှိုင်ကပြောပါတယ်။
“ ကော်ဖီထုတ်လုပ်တဲ့သူတွေကို ပိုပြီးတော့ အရည်အသွေးကောင်းတဲ့ကော်ဖီ ထုတ်လုပ်နိုင်ဖို့ ၊ ထုတ်လုပ်မှုနည်းစနစ်တွေ နဲ့ပိုပြီးတော့ ထုတ်လုပ်ဖို့ကောင်းတဲ့ ဟာတွေသက်သေပြစေချင်တဲ့အတွက် ရည်ရွယ်ပြုလုပ်တာပါ”
အဆိုပါပြိုင်ပွဲမှာ နိုင်ငံတကာမှ ကော်ဖီပညာရှင်များ ၊ ပြည်တွင်းပြည်ပမှ ငွေကြေးအဖွဲ့ အစည်း များနှင့် သွင်းအားစုများဆိုင်ရာ ကုမ္ပဏီများ မှ ပြခန်းများနှင့် ဆွေးနွေးပွဲများ ပါဝင်သွား မှာဖြစ်ေ ကြာင်းလည်းသိ ရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲများကိုလည်း ဆွေးနွေးအဖြေရှာသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံကော်ဖီအသင်းမှသိရပါတယ်။
အဆိုပါပွဲကို ၂၀၁၉ ခုနှစ် မေလ (၁၄)ရက်နေ့ ပြင်ဦးလွင်မြို့တော်ခန်းမမှာ မနက် (၈)နာရီမှ ညနေ (၅) နာရီထိ ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။
တိုးတိုးခိုင်(ABM)
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်