ငါးမွေးကန် (တိုင်ကီ) အရောင်သည် ကကတစ်ငါးအရည်အသွေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိကြောင်း ထိုင်းသုတေသီအဖွဲ့က လက်တွေ့ပြသလိုက်သည်။
သုတေသီများသည် ပျှမ်းမျှ ၁၆ ဂရမ်လေးသော ကကတစ်ငါးငယ်များကို အကြည်၊ အဖြူ၊ အနက်၊ အနီ၊ အစိမ်းနှင့် အပြာရောင် (၆) မျိုးခွဲထားသော တိုင်ကိ (၁၈) ခုသို့ ထည့်သွင်းမွေးမြူခဲ့သည်။ ထို့နောက် ကြီးထွားနှုန်း၊ အစာအသုံးချမှု၊ အစာခြေဖျက်သော အင်ဇိုင်းလုပ်ဆောင်ချက်များ၊ အသားအရည်အသွေး၊ အဆီ၊ အသားအရိုးနှင့် အခြားတစ်ရှူးများပါဝင်မှုအချိုး ၊ သွေးနီဥ၊ သွေးဖြူဥနှင့် ဟေမိုဂလိုဘင်ပါဝင်မှုကဲ့သို့ သွေးစစ်ချက်များအား နှိုင်းယှဉ်ခဲ့သည်။
၁၀ ပတ်ကြာပြီးနောက် အကြည်၊ အဖြူ၊ အနက်နှင့် အစိမ်းရောင်နောက်ခံတွင်မွေးသော ငါးများတွင် ကြီးထွားနှုန်းနှင့် အစာအသုံးချမှုအပေါ် အပြုသဘောသက်ရောက်ပြီး အနီနှင့် အပြာရောင်နောက်ခံတွင်မွေးသော ငါးများတွင် အနှုတ်သဘောသက်ရောက်ကြောင်း တွေ့ရှိခဲ့သည်။
အသားအရည်အသွေးသည် အဖြူ၊ အနက်၊ အစိမ်းနောက်ခံနှင့်မွေးသောငါးတွင် သိသိသာသာတိုးတက်ပြီး myosin နှင့် actin ပရိုတိန်းပမာဏမှာ အရောင်ခြောက်မျိုးစလုံးတွင် ကွဲပြားမှုမရှိပေ။
ကကတစ်ငါးမွေးမြူရန် အသင့်တော်ဆုံးနောက်ခံအရောင်သည် အနက်ရောင်ဖြစ်ပြီး ယင်းနောက်တွင် အဖြူနှင့် အစိမ်းရောင်တို့လိုက်ကြောင်း၊ အကြည်၊ အနီနှင့် အပြာရောင်နောက်ခံတို့မှာ မသင့်တော်ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။
Source – ငွေပင်လယ်စာစောင် အတွဲ (၁၂)၊ အမှတ်စဉ် (၂) မှကောက်နုတ်ဖော်ပြပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more