ကိုယ်တိုင်လုပ်တဲ့ ရေခဲသေတ္တာလေး……

28/08/2018 10:34 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာတွေကိုလည်း  ကြာကြာလှောင်ထားချင်တယ်၊ မီးကလည်း မရှိတဲ့နေရာဖြစ်နေတယ်ဆိုရင် အိုးလေး (၂) လုံးနဲ့ ရေခဲသေတ္တာသေးသေးလေးလုပ်တဲ့ နည်းလေးကို ပြောပြပေးချင်ပါတယ်။ လုပ်တဲ့နည်းကတော့ အိုးလေးကို (၂) ထပ် ထပ်ပြီးတော့ အအေးခံတဲ့နည်းလမ်းဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ အိုးလေး (၂)လုံး၊ သဲရယ်၊ ရေရယ် အဲ့ဒါလောက်ပါပဲ။ ဒီနည်းလမ်းကို စဉ်းစားမိတဲ့သူကတော့ Mohammed Bah Abba ပါ၊ ခုခါမှာတော့ ပူနွေးတဲ့ ရာသီတွေမှာ နေထိုင်ကြတဲ့ တောင်သူ လယ်သမားတွေက အင်းဆက်ပိုးမွှားရန်က နေဖြစ်ဖြစ်၊ အစားအစာတွေ ကြာကြာထားခံအောင်ဖြစ်ဖြစ် အဲ့နည်းလမ်းကို သုံးလို့ရပါတယ်။ 

ထည့်ထားတဲ့ သဲထဲကို ရေမပြတ်အောင် ထားနိုင်ရင် အတွင်းအိုးထဲမှာ အေးမြနေမှာပဲဖြစ်ပါတယ်။ အဲ့လို အေးအေးလေးနဲ့ဆိုရင် ဟင်းသီးဟင်းရွက်တွေပဲဖြစ်ဖြစ်၊ အသားတွေပဲဖြစ်ဖြစ်၊ အသီးအနှံတွေလည်းဖြစ်ဖြစ် အပူကြောင့်ပျက်စီးတာတွေကို ကာကွယ်နိုင်ပြီပေါ့လေ။ အောက်မှာ လုပ်တဲ့နည်းပုံစံလေးကို ဆက်ကြည့်ရ အောင်။ 

၁။ ကဲ ဦးလေးကြီးတို့ မြန်မာမှာ အလွယ်ရနေတာက အိုး ( သဲအိုးပဲဖြစ်ဖြစ်၊ ရွံ့အိုးပဲဖြစ်ဖြစ်) အသေးတစ်လုံး အကြီးတစ်လုံး စုစုပေါင်း (၂) လုံးကိုရှာရမှာဖြစ်ပါတယ်။ တစ်လုံးထဲကိုတစ်လုံး ထည့်လို့ရတဲ့ အိုးအရွယ်အစား လေးတွေဖြစ်မယ်ဆိုရင် ပိုပြီးတော့ သင့်တော်ပါတယ်။ အိုး (၂) လုံး ထပ်တဲ့အချိန်ကျ ရင် တစ်လုံးနဲ့ တစ်လုံး ကြားထဲမှာ နေရာလပ်ရှိနေရင် ပိုပြီးတော့ ကောင်းပါတယ်။ အိုး (၂)လုံးကြား အကွာအဝေးက ၁ စင်တီမီတာ ကနေ ၃ စင်တီမီတာလောက် ခြားနေဖို့ လိုအပ်ပါတယ်။ 

၂။ တကယ်လို့များ ကိုယ်ရွေးထားတဲ့ အိုးတွေမှာ အောက်ခြေမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အပေါက်တွေ ပါနေရင်တော့ အဲ့အပေါက်လေးတွေကို လုံအောင်ပိတ်ရမှာဖြစ်ပါတယ်။ အဲ့အပေါက်လေးတွေ မလုံနေဘူးဆိုရင်တော့ ကိုယ့်ရေခဲသေတ္တာလေးက အေးမှာမဟုတ်ပါဘူး။

၃။ အိုးအကြီးရဲ့ အောက်ခြေမှာ သဲကြမ်းကိုထည့်ပေးဖို့အဆင့်ပါပဲ၊ အိုးအသေးကို အိုးအကြီးထဲကိုထည့်တဲ့အခါ အိုး (၂)လုံးစလုံးရဲ့ နုတ်ခမ်းတွေ ညီနေအောင်လို့ ညှိပြီးထည့်ရမှာပါ။ (၁)လက်မလောက်ပေါ့။

၄။ ဒီအဆင့်ကတော့ အိုးအကြီးထဲကို အိုးအသေးထဲ ထည့်တဲ့အဆင့်ပါ။ 

၅။ အိုးအသေးနဲ့ အိုးအကြီးကြားထဲ ကနေရာလပ်တွေထဲကို သဲတွေလိုက်ဖြည့်ပေးရမှာဖြစ်ပါတယ်။ အိုးအသေး ထဲကို မဝင်အောင်သတိထားပြီးတော့ အိုးအသေးနှုတ်ခမ်းလောက်မရောက်ခင်အချိန်လေး ကျရင်တော့ ရပ်လိုက်ရမှာဖြစ်ပါတယ်။

၆။ သဲလေးတွေလည်း ဖြည့်ပြီးသွားရင်တော့ သဲတွေထဲကို ရေလောင်းထည့်တဲ့အဆင့်ဖြစ်ပါတယ်။ အဲ့အဆင့်မှာ အိုး (၂) လုံးကြားထဲက သဲတွေ ရေစိုစွတ်သွားတဲ့အထိ လောင်းပေးရမှာဖြစ်ပြီးတော့ ဖြည်းဖြည်းချင်း အိုးလေးတွေပါ အစိုပြန်လာတဲ့အထိ လောင်းပေးဖို့ဖြစ်ပါတယ်။ အိုးအသေးထဲကို ရေတွေမဝင်အောင်တော့ သတိထား ပေးပါ။

၇။ အဖုံးလေးအတွက် အဝတ်စဖြစ်ဖြစ်၊ တာဝါဖြစ်ဖြစ် ရေစိုပြီးအေးနေအောင် ရေစွတ်ပြီးတော့ အထဲက အိုးအ သေးလေးရဲ့ အဖုံးအဖြစ်ပါတယ်။ ပုဆိုးစုတ်ဖြစ်ဖြစ်၊ စွပ်ကျယ်ပဲဖြစ်ဖြစ် သုံးပေးလို့ရတာပေါ့။

၈။ အထဲက အိုးအပူချိန်လေး အေးမအေးဆိုတာကို လက်လေးနဲ့ပဲ အရင်စမ်းကြည့်ပါ။ အေးလာတယ်ဆိုရင်တော့ အိုစကေပြီပေါ့။

၉။ ကဲ ကိုယ့်ရဲရေခဲသေတ္တာကြီးကို မရွေ့ပြီးတော့ ခြောက်သွေ့ အေးမြတဲ့ နေရာ၊ လေလည်းတိုက်တဲ့နေရာ မှာ ထားဖို့ဖြစ်ပါတယ်။ သဲထဲကရေတွေက အငွေ့ပျံတဲ့အခါ လေနဲ့ တစ်ခါတည်း ပါသွားနိုင်ဖို့ လေတိုက်တဲ့နေရာမှာ ထားခိုင်းတာဖြစ်ပါတယ်။

၁၀။ ကဲနောက်ဆုံး အဆင့်ပါ။ ဘာထည့်မလဲ အသားထည့်မလား။ အသီးတွေထည့်ထားမလား၊ ထည့်လို့ရ ပါတယ်။ အသားတွေနဲ့ အသီးအရွက်တွေတော့ ရောပြီးမထည့်ဖို့တော့ အကြံပြုပါတယ်။ နောက်ပြီးတော့ ကိုယ် ထည့်ထားတဲ့သဲထဲမှာ ရေကျန်သေးလား မကျန်တော့ဘူးလားဆိုတာကို စစ်ဆေးဖို့ အရေးကြီးပါတယ်။ (၂) ခါလောက်တော့ စစ်ပေးပေါ့။

တကယ်လို့များ သူငယ်ချင်းတွေနဲ့ အပျော်ထွက်လည်ကြတယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးရွာတွေမှာပဲဖြစ်ဖြစ် သုံးနိုင် တဲ့ ကိုယ်တိုင်လုပ်တဲ့ ရေခဲသေတ္တာလေးအကြောင်းပဲဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျာ….

Htunn Win Kyaw

https://www.wikihow.com/Make-a-Pot-in-a-Pot-Refrigerator


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်