ငရုတ်တစ်ခင်းလုံးပျက်စီးဆုံးရှုံးမှုကနေ ကြိုတင်ကာကွယ်ကြပါစို့
လေထုရဲ့စိုထိုင်းဆ မြင့်တက်တဲ့အခါ၊ ပိုမွှားရောဂါထူပြောတဲ့အခါ၊ မျိုးကောင်းမျိုးသန့်ဟုတ်မဟုတ် မလေ့လာဘဲ စိုက်ပျိုးမိတဲ့အခါ၊ ကိုယ့်ဒေသနဲ့ မကိုက်ညီတဲ့မျိုးကို မှားယွင်းစိုက်ပျိုးမိတဲ့အခါ၊ လွဲမှားတဲ့စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးမိတဲ့အခါ၊ စိုက်ပျိုးတဲ့တောင်သူကိုယ်တိုင်က နားလည်ကျွမ်းကျင်မှုပိုင်း အားနည်းတဲ့အခါမျိုးတွေမှာ စိုက်ခင်းအတွက် ရင်းနှီးထားသမျှ ပျက်စီးဆုံးရှုံးရတတ်ပါတယ်။
ဒါတင်မက ရုတ်တရက်ဖြစ်ပေါ်လာတတ်တဲ့ ရာသီဥတုအပြောင်းအလဲ (မိုးရွာသွန်းမှု၊ ရေကြီးနစ်မြှုပ်မှု) ကြောင့် ပျက်စီးဆုံးရှုံးရင်တော့ တစ်ခင်းလုံးအတိုင်းအတာနဲ့ 100% ဆုံးရှုံးတာဖြစ်လို့ ပိုလို့ နစ်နာတတ်ပါတယ်။ အထူးသဖြင့် ငရုတ်ပင်တွေဟာ မိုးရေမှာပါဝင်တဲ့ အက်စစ်ဓါတ်ကြောင့် အပင်ယိုင်နဲ့ခြင်း၊ အပင်ညှိုး၊ အပင်သေသည်အထိ ပျက်စီးတတ်ပါတယ်။ မိုးရေလုံလောက်စွာမရရှိတဲ့အခါ မိုးအရွာ မိုးအလာကို မျှော်ကိုးရသလို မိုးများလွန်းပြန်တော့လည်း သောကဖြစ်ရပြန်တဲ့ တောင်သူများရဲ့ဘဝအထွေထွေပါ။
ဒီလိုမျိုး သဘာဝဘေးရန်တွေနဲ့ကြုံတွေ့ရတဲ့အခါ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားသင့်လဲ? ဆိုရင်... စတင်မစိုက်ပျိုးခင် မြေပြင်ချိန်၊ စိုက်ဘောင်တွေကို ကြိုတင်ပြင်ဆင်ကြတဲ့အချိန်တွေမှာ ရေထုတ်မြောင်းတွေကို တူးဖော်ပေးခဲ့ပါလို့ အကြံပြုချင်ပါတယ်။
ဟုတ်ပြီ။ စိုက်ဘောင်တွေကို ဘယ်နေရာလောက်ကနေစပြီး၊ ဘယ်လိုတူးဖော်ရမလဲ? ဆိုရင်... မိမိတို့ခြံရဲ့မြေပြင်အနေအထားကို အရင်ကြည့်ပါ။ အဲ့ဒီနောက်မှာတော့ မြေပြင်အနိမ့်အမြင့်ကို သေချာလေးချိန်ဆပြီး နိမ့်ရာကမြင့်ရာကို သွယ်ဖောက်တူးဖော်နိုင်ဖို့ကို ကြိုးစားသင့်ပါတယ်။
ဒါဆိုရင် ဘာတွေထူးခြားကောင်းမွန်လာမှာလဲ? ဆိုရင်တော့... ဒီလိုမျိုး စိုက်ဘောင်ဘေးကြားတချို့မှာ ရေထုတ်မြောင်းတွေ ကြိုတင်ဖော်ထားမယ်သာဆိုရင် မိုးရွာတဲ့အခါ ရေစီးဆင်းစရာလမ်းကြောင်းတွေ ဖြစ်ပေါ်သွားနိုင်တာမို့ အခင်းတစ်ခုလုံးနီးပါး ရေဖုံးလွှမ်းတဲ့ဒဏ်ကနေ အတော်လေးကို သက်သာသွားစေမှာပဲ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ၂၀၂၀ ခုနှစ် ရေတက်ကာလမှာ စိုးရိမ်ရေမှတ် ၂,၁၅၀ စင်တီမီတာအထက်ကို (၁)ကြိမ် ကျော်လွန်ခဲ့ပြီး၊ စိုးရိမ်ရေမှတ်အနီးကို (၂) ကြိမ်ရောက်ရှိခဲ့ပါတယ်။ ဒါ့ကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရေစကြိုမြို့၊ မင်းဘူးမြို့(စကုမြို့) အနီးတဝိုက်က မြေနိမ့်ပိုင်းကျေးရွာများမှာ စိုက်ပျိုးထားတဲ့ ခရမ်းချဉ်၊ ခရမ်း၊ ကြက်သွန်၊ နေကြာ၊ မတ်ပဲ၊ ငရုတ် စိုက်ခင်းများ ရေကြီးနစ်မြုပ် ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြတဲ့ တောင်သူများနဲ့ထပ်တူ ခံစားရတာကြောင့် နောင်အခါ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်အောင် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငရုတ်ခင်းရေစီမံခန့်ခွဲခြင်း
မောင်ရန်အေးအောင်
လွန်ခဲ့သော ၃ နှစ် ကမိုးထောင်ငရုတ်စိုက်ပျိုးနည်းလေးသိချင်လို့ပါဗျ
pyonemohmohaung
လွန်ခဲ့သော ၃ နှစ် ကငရုပ်ကသီးတယ် အပင်နဲ့အသီးနဲ့ကအဆင်မပြေဘူးဖြစ်နေတယ် ဘာလ်ု့အပ်တာလဲ
ဦးသန်းနိုင်
လွန်ခဲ့သော ၅ နှစ် ကမင်္ဂလာပါ ငရုတ်သီး စိုက်နည်းလေး မျှဝေပေးပါ
thiha
လွန်ခဲ့သော ၅ နှစ် ကမတ်ပဲပင်တွေရွက်ဝါထိုးတာဘာဆေးဖျန်းရလဲခင်ဗျ ပြောပြပေးပါလား
ဆက်စပ်မေးခွန်းများ
ဒူးရင်းပင်အတွက်ဘာမြေဩဇာသုံးးရမလည်းဗျာ
စိုးခန့်ကကို • ဖြေကြားချက် 1 ခု
အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး
nay • ဖြေကြားချက် 3 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022