ရခိုင်ပြည်နယ်ရှိ စပါးများကို မန္တလေး၊ ရန်ကုန်သို့ တင်ပို့မှု များ၍ ပြည်နယ်တွင် စပါးပြက်ကာ ဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းနီးပါး မြင့်တက်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။
ဇွန်လက ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲ၊ ရွှေဝါထွန်း တစ်အိတ်လျှင် ကျပ်သုံးသောင်းခန့်သာ ရှိပြီး သြဂုတ်လဆန်းတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ်လေးသောင်းခွဲ၊ ရွှေဝါထွန်းဆန်တစ်အိတ်လျှင် ကျပ်လေးသောင်းခန့်အထိ စျေးမြင့်တက်ခဲ့ကြောင်း စစ်တွေမြို့မှအောင်စည်ဖြိုး ဆန်ရောင်ဝယ်ရေး ပွဲရုံပိုင်ရှင် ဦးမောင်သန်းစိန်က ရှင်းပြသည်။
"ဒီမှာက မိုးရာသီဆိုဆိုရင် အများအားဖြင့် စျေးတက်ကြတယ်။ ဒီနှစ်မှာ ကျတော့ စျေးတက်တာ အရမ်းကြမ်းသွားတာပေါ့။ မနှစ်ကဆိုရင် ဒီအချိန် ဒီလောက်အထိ စျေးမတက်သေးဘူး" ဟု ၎င်းက ဆိုသည်။
ဆက်လက်ဖတ်ရှု့ရန်..........................
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator