ယခုလက်ရှိ မြန်မာ့ငရုတ်သီးခြောက်ဈေးနှုန်းမှာ အနည်းငယ်တက်လာကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်သီးခြောက်မှာ ပြည်ပတင်ပို့မှု နည်းပါနေပေမယ့်လည်း ပြည်တွင်းဈေးနှုန်းများမှာ အနည်းငယ်တက်နေတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော် ကပြောပါတယ်။
ငရုတ်သီးဈေးနှုန်းက တစ်ပတ်ကျော်လောက်ပဲရှိသေးတယ် တက်လာတယ်။ ငရုတ်သီးအခြောက်က တက်တာ။ တစ်ပိသာ ၂၀၀ လောက်တော့ တက်လာပါတယ်။ ပြည်ပတင်ပို့မှုကတော့ မရှိသလောက်နည်းနေပါတယ်
မြန်မာ့ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာ အများဆုံးစိုက်ပျိုးတာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးခြောက်ဈေးနှုန်းများမှာ တစ်ပိဿာကို ၂၄၀၀ ကျပ် မှစတင်ကာ ၃၀၀၀ ကျပ်အထိ တဖြည်းဖြည်းမြင့်တက်လာတာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator