ပဲတီစိမ်းနဲ့ ကုလားပဲသီးနှံမျိုးကောင်းမျိုးသန့်များကို သုတေသနပြုထုတ်လုပ်သွားမည်

06/08/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲတီစိမ်းနဲ့ ကုလားပဲသီးနှံမျိုးကောင်းမျိုးသန့်များကို သုတေသနပြုထုတ်လုပ်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

အရည်အသွေးနဲ့ ကိုက်ညီတဲ့မျိုးတွေကို သုတေသနပြုလုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုူးချုပ် ဦးသန့်လွင်ဦး ကပြောပါတယ်။

“ ပဲတီစိမ်း၊ ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့်တွေကို အရည်အသွေးနဲ့ကိုက်ညီတဲ့ လိုအပ်တဲ့မျိုးတွေကို ဒီလိုအရည်အသွေးရဖို့အတွက် ဘာတွေလိုအပ်ချက်တွေရှိလဲဆိုတာကို တာဝန်ယူလုပ်ဆောင်သွားမှာပေါ့” 

သုတေသနပြုရရှိလာတဲ့ ပဲတီစိမ်းနဲ့ ကုလားပဲသီးနှံမျိုးများကို စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းကာ  တောင်သူများထံကို ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်းနဲ့ အာဟာရဓါတ်များစွာပါဝင်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်သီးနှံများ ဖြစ်လာစေရန် သုတေသနလုပ်ငန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နေကြောင်းအဆိုပါဌာနမှ သိရပါတယ်။

အဆိုပါ သုတသနပြုထုတ်လုပ်သွားမယ့် Master Peas စီမံကိန်းကို Netherlands Enterprise Agency (RVO) နဲ့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်