တအောင်းဒေသထွက်လက်ဖက်များကို အဆင့်မြှင့်တင်လုပ်ဆောင်သွားမည်

16/01/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၂၀ ခုနှစ်မှာ တအာင်းဒေသထွက်တဲ့ လက်ဖက်စိုများကို အဆင့်မြှင့်တင်နိုင်ရန် စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ဒီနှစ်မှာ တအာင်းဒေသမှာရှိတဲ့ လက်ဖက်တောင်သူများ ဝင်ငွေတိုးလာစေဖို့အတွက် လက်ဖက်စိုများကို အဆင့်မြှင့်တင်နိုင်ရန် စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်ကပြောပါတယ်။

လှော်လှန်းလုပ်ဖို့အတွက်ကို ပင်ကြီး၊ ပင်အိုထုတ်လုပ်ဖို့အတွက် ဆွေးနွေးခဲ့တယ်။လက်ဖက်ပင်တည်ရှိတဲ့ နေရာတွေကို စစ်တမ်းကောက်ယူပြီး လက်ဖက်ကို အဆင့်မြှင့်ထုတ်လုပ်သွားဖို့ရယ် ထုတ်လုပ်တဲ့နေရာမှာလည်း အရည်အသွေးပိုင်းရော အရောင်းပိုင်းရော သင်တန်းပေးသွားဖို့ ဆွေးနွေးခဲ့တာပါ

အဆိုပါဒေသမှာရှိတဲ့ လက်ဖက်ခြံတွေကို အထွက်တိုးစေရန်သာမက လက်ဖက်ကုန်ကြမ်းတွေကို အရည်အသွေးမြင့်ထုတ်လုပ်နိုင်စေရန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

လက်ဖက်ကို ထုတ်လုပ်မှုစနစ်တွေမြင့်တက်လာစေရန်နဲ့ စျေးကွက်ဝင်လက်ဖက်စို၊ လက်ဖက်အခါးခြောက်များအပြင် green tea ၊red tea ၊ white tea နဲ့ puer tea တို့ကိုထုတ်လုပ်နိုင်ရန် ဆွေးနွေးခဲ့တာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABN)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်