MFVP လုပ်ငန်းရှင်များနှင့် တောင်သူများကို သစ်သီးဝလံချေးငွေ ပံ့ပိုးကူညီပေးရန် နိုင်ငံတော်သို့တင်ပြ

12/12/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိုင်ငံတော်အနေဖြင့် MFVP လုပ်ငန်းရှင်များနှင့် တောင်သူများအား ဆီလျော်သော သစ်သီးဝလံချေးငွေ ပံ့ပိုးကူညီပေးရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တင်ပြ‌တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောသည်။ 

ဒီဇင်ဘာလ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၃၁ ကြိမ်မြောက်)၌ ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ထောပတ်သီးနှင့် နာနတ်သီးအတွက် ပို့ကုန်အရည်အသွေးပြည့်မီစေရန် ထုပ်ပိုးစက်ရုံများ၊ အခြောက်ခံစက်ရုံများ တည်ဆောက်ရန်နှင့် ယင်းလုပ်ငန်းနှင့်ဆက်စပ်သော SME လုပ်ငန်းများ ထွန်းကားလာစေရန် ငွေအရင်းအနှီးများလိုအပ်ကြောင်း ဒေါ်စန္ဒာမျိုးက ပြောသည်။ 

ထို့ပြင် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်ရန် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းကိရိယာများ၊ အလုပ်သမားကုန်ကျစရိတ်များအတွက် ငွေအရင်းအနှီး အခက်အခဲများ ကြုံတွေ့နေရပြီး အထူးသဖြင့် SME ချေးငွေများရရှိရန်အတွက် အပေါင်ပစ္စည်းနှင့် ဘဏ်လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ 

သစ်သီးဝလံတင်ပို့သူများအတွက် ပုံမှန်လမ်းကြောင်းမှ တင်ပို့ရာတွင် လိုအပ်သော စာရွက်စာတမ်း အထောက်အထားများရရှိရန် တစ်နေရာစီ သွားရောက်ဆောင်ရွက်ရ၍ အချိန်ကြာမြင့်ပြီး ပို့ကုန်လိုင်စင်များမှာလည်း Expire ဖြစ်မှုများကြုံတွေ့ရပြီး သစ်သီးဝလံ ပို့ကုန်များမှာ ပုပ်သိုးကုန်ဖြစ်၍ ဆောင်ရွက်ရသောအချိန် ကြာမြင့်မှုကြောင့် ပုပ်သိုးပျက်စီးပြီး ငွေကြေးဆုံးရှုံးမှုအစရှိသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ 

သို့ဖြစ်ပါ၍ လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ တစ်နေရာတည်းရယူနိုင်ရန်  One-Stop Service  စီစဉ်မှုဖြင့် ဆောင်ရွက်ပေးရန်လည်း MFVP မှ တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်