အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

08/12/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဉာဏ်စမ်းအတွက်အဖြေမှန်လေးတိုက်လိုရပါပြီရှင့် 📢

✅ အဖြေမှန်ကတော့ ဈေးတက်ပါတယ်နော်

ဦးကြီးတို့အနေနဲ့ သီးနှံတစ်မျိုးရဲ့ ပေါက်ဈေးကို အဲဒီသီးနှံအပေါ် ဝယ်ယူလိုအားနဲ့ ရောင်းချလိုမှုပမာဏက အဆုံးအဖြတ်ပေးတယ်လို့ မှတ်ရပါမယ်။

သီးနှံတစ်မျိုးအပေါ် ဝယ်ယူလိုအား ကောင်း၊ မကောင်းကို အချက်များစွာက လွှမ်းမိုးပါတယ်။

တောင်သူတွေဟာ အဲဒီအချက်တွေကို ကောင်းကောင်း သိထားမှသာ သီးနှံဈေး အတက်အကျ သဘောသဘာဝကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

 

 

စိတ်ဝင်စားစရာ ဝယ်လိုအားကောင်းမကောင်းကို လွှမ်းမိုးတဲ့အချက်တွေကိုတော့ အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးစီးပွားကဏ္ဍမှာ လေ့လာလို့ရနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးရင်း ဖြေဆိုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားဆိုပါရစေရှင့်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်