အစိမ်းရောင်လမ်းရဲ့ ဉာဏ်စမ်းအစီအစဉ်

31/01/2025 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့် 

👩‍🌾 အဖြေမှန်ကတော့ မှန်ပါတယ်နော် 

ပန်းပွင့်ချိန် မိုးမိခြင်း၊​ လေပြင်းတိုက်ခတ်ခြင်းအပြင် ဆေးပူ၊​ ဆေးပြင်း​တွေ ဖျန်းတာကြောင့်လည်း ဝတ်မှုန်ကန်းပြီး(မျိုးမ​အောင်)​စေတယ်ဆိုတာ သိသာ​စေပါတယ်။  အထူးသဖြင့်က​တော့ EC formulation​ ဆေး​မျိုးတွေကို ပန်းပွင့်ချိန် ​ရှောင်သင့်ပါတယ်။ ပန်းပွင့်ချိန်ဆိုတာ မျိုးဆက်သစ်တခုအတွက် အ​ရေးအပါဆုံးနဲ့ အနူးညံ့ဆုံး ဇီဝကမ္မဖြစ်စဥ်တခုပါ။

ဖြစ်နိုင်ရင် ​ဆေးဖျန်းဖို့မ​ပြောနဲ့ နှင်းဖြိုင်ဖြိုင် မိုးလှိုင်လှိုင်ရွာတာ​တောင်မကြိုက်ပါဘူး။ (စပါး၊ ပဲတီ၊ သရက်..ကဲ့သို့ ​ဖော်ပွင့်တဲ့ အပင်​တွေပိုထိခိုက်ပါတယ်)

ဒီလိုဆိုပန်းပွင့်ချိန် ​ဆေးမဖျန်းရ​တော့ဘူးလား?

ပန်းပွင့်ချိန် ပိုးကျလို့ မဖြစ်မ​နေ ဖျန်းရမယ်ဆိုရင် ည​နေချိန်မှာတော့ ဆေးဖျန်းလို့ရပါတယ်နော်

ဆိုတော့ ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး ♥️  


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်